Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၁.၄၀၆) ဒေါ်လာသန်း လျော့နည်းခဲ့

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ်၂၀၂၃ ခုနှစ်၊သြဂုတ်လ(၁၉) ရက်နေ့မှ (၂၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၅၂၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၄.၀၅၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၃၂.၅၈၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၅၇၉) စီး၊ သွင်းကုန် (၁၆၇၉) စီးဆောင် ရွက်နိုင်ခဲ့ပါသည်။

ယခင်အပတ် ၂၀၂၃ သြဂုတ်လ (၁၂) ရက်နေ့မှ သြဂုတ်လ ( ၁၈ ) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၁၀.၇၉၂)ဒေါ်လာသန်းနှင့် သွင်းကုန် (၂၃.၁၉၆) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၃၃.၉၈၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၈.၈၆၃) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း ပို့ကုန်တန်ဖိုး (၂.၂၆၉) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုမမာဏ အနေဖြင့် (၁.၄၀၆) ဒေါ်လာသန်း ​လျော့နည်းခဲ့ပါသည်။ တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ၊ပြောင်း ၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊  ပဲယင်း၊ မြေပဲဆံ၊ ဘိုကိတ်ပဲတင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့်(၂.၂၆၉)ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။

တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ လေအေးပေးစက်များ၊ အင်ဂျင်များ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊စက်ဘီးအပိုပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း စက်အပိုပစ္စည်းများ၊ သံသံမဏိပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ ပိုမိုတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်ထက် (၀.၂၆၅) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတ်ဆေးဆိုးဆေးများ၊ ဓာတ်မြေသြဇာများ ကုန်ထုတ်စက္ကူများ၊ ချည်ခင်များ၊ တာယာနှင့် ကျွတ်များ လျော့နည်းတင်သွင်းခဲ့သော်လည်း ဓါတုဗေဒပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေတု ပြုလုပ်သောပစ္စည်းများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက်(၀.၃၈၂) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ အချိုမှုန့်၊ ချည်ထည်များ၊  ဆေးဝါးများ၊  မိဖိုချောင်သုံး ပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်းဇာနှင့် ဇာနှင့် ထိုးထားသော အထည်အလိပ်များ၊ အပ်ချည်ကြိုးများ ပရိဘောဂများ၊ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၂၁၆) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာရာဘာ(၃၄၇၃.၂၅၀)တန်၊ (၄.၁၈၄) ဒေါ်လာ သန်း၊ ပဲယင်း ( ၁၄၀၂.၅၀၀ )တန်၊ ( ၁.၀၉၁ )ဒေါ်လာသန်း၊ မြေထောက်ပဲ  (၅၅၈.၉၉၉) တန်၊ (၀.၇၉၅)ဒေါ်လာသန်း၊ ပဲတီစိမ်း(၈၁၆.၀၀၀)တန်၊ (၀.၆၀၂) ပြောင်း (၁၅၂၃.၅၀၀) တန်၊ (၀.၄၃၅) ဒေါ်လာသန်း၊ ပဲနီကြား (၅၅၉.၀၀၀)တန်၊(၀.၂၇၆ )ဒေါ်လာသန်း၊ ထောပတ်ပဲ  (၂၃၈.၀၀၀)တန် ၊ (၀.၂၇၂)ဒေါ်လာသန်း ၊ စွန်တာနီပဲ (၃၀၆.၀၀၀)တန်၊(၀.၁၈၅ )ဒေါ်လာသန်း၊ CMP (၂၀၈၂၂) ခု၊ ( ၀.၁၄၁)ဒေါ်လာသန်း၊ ရော်ဘာကြမ်း (၁၃၆.၅၀၀) တန်၊ (၀.၁၁၇) ဒေါ်လာသန်း ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၈.၁၇၉) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၈၆၄)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၂.၁၇၀) ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၅၀၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၃၉၂) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (၁.၂၈၃) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၉၆၄) ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၈၆၉) ဒေါ်လာသန်း၊ ရင်းနှီးမြှပ်နှံမှု အခြားပစ္စည်း (၀.၆၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၅၈၃) ဒေါ်လာသန်း ဖြစ်ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန်တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက် ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန်(၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။

မန္တလေး၊လားရှိုး၊ သန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်မျာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News