Local News

ပြည်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် ဝါသီးနှံများ စတင်စိုက်ပျိုး

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်များတွင် မိုးလယ်ကာလ၌ ဝါသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ ဝါမျိုးစေ့တစ်ထုပ်လျှင် ကျပ် (၅၀,၀၀၀) ကျော်ခန့်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် မျိုးစေ့အနေဖြင့် “တစ်စေ့ဝါ” မျိုးများကို စိုက်ပျိုးကြရာ စိုက်ပျိုးပြီး ၃ လခွဲ ၄ လအကြာတွင် စတင်ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၃၅၀,၀၀၀) ခန့်ကုန်ကျကြောင်း၊ ခန့်မှန်းအထွက်နှုန်းအနေဖြင့် ပုံမှန်မြေဖြစ်ပါက ဝါပိဿာချိန် (၅၀၀) ခန့် ထွက်ရှိပြီး မြေကောင်း၍ သွင်းအားစုများများသုံးနိုင်လျှင် ပိဿာချိန် (၈၀၀) ခန့်ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News