Local News

ငှက်ပျောစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ငှက်ပျောခြံများ တိုးချဲ့စိုက်ပျိုးလာကြပြီး မိမိတို့အိမ်ခြံဝင်းအတွင်း အပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ဒေသတွင်းစိုက်ပျိုးသည့် မျိုးများအနေဖြင့် ဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း (ကျောက် စိမ်း)မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ငှက်ပျောသားတက်ပင် တစ်ပင်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် ကနီမြို့နယ်မှဝယ်ယူပြီး တစ်ဧကလျှင် အပင်ရေ (၈၀၀) ခန့် စိုက်ပျိုးရကြောင်း၊ ငှက်ပျောစိုက်ပျိုးပြီး (၁၃) လသားအရွယ်တွင် ငှက်ပျောအခိုင် စတင်ထွက်ရှိ၍ တစ်ပင်လျှင် တစ်ခိုင်ထွက်ရှိပြီး တစ်ခိုင်လျှင် (၁၀) ဖီးခန့်ပါရှိရာ ရောင်းတန်းဝင် (၅) ဖီး ခုတ်ယူရကြောင်း၊ မြေဆီ မြေသားကောင်းမွန်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ ငှက်ပျောစိုက်ပင်သက်တမ်း (၅) နှစ်မှ (၇) နှစ်ခန့်အထိ ရောင်းတန်းဝင် ငှက်ပျောခိုင်များ ထွက်ရှိကြောင်း၊ ထွက်ရှိသော ငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များမှ တစ်ဖီးလျှင် ၁,၀၀၀-၁,၂၀၀ ကျပ်နှုန်းဖြင့် ငှက်ပျောခြံသို့ လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများသို့လည်း ပြန်လည်ရောင်းချမှုများရှိသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိပြီး တွက်ခြေ ကိုက်ကာ အဆင်ပြေ နေကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News