Local News

ကျောင်းကုန်မြို့နယ်တွင် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဦးက ပြောပြ၍ သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလှိုင်လက ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ သာဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၃၀)ရက်နေ့ထိ ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ အဆိုပါ ငရုတ်သီးစိမ်းဈေးကောင်းရရှိနေခြင်းသည် ဒေသထွက်ငရုတ်သီးစိမ်းများကို ရန်ကုန်မြို့က ဝယ်ယူမှု များပြားနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လကထက် ဒီလအတွင်း ငရုတ်သီးစိမ်းဈေးက ‌တော်တော်ကောင်းလာတယ်။ လက်ရှိ ဒေသထွက်ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းနေတာပါ။ ဒီနှစ် ငရုတ်သီးစိမ်းဈေးကလည်း ကောင်းသလို အထွက်နှုန်းကလည်းကောင်းပါတယ်။ ဒီနှစ်တော့ ငရုတ်စိုက်တောင်သူတွေ အဆင်ပြေကြပါတယ်။   လက်ရှိ   ငရုတ်သီးစိမ်း   ၁၀   ပိဿာကို  ငွေကျပ်  ၇၅၀၀၀  ထိ  ဈေးကောင်းရနေတာပါ”   ဟု ကျောင်းကုန်းမြို့ရှိ   လယ်ယာထွက်ကုန်ပစ္စည်းများ  ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်  ဒေါ်တင်တင်ဦးက ပြောပြသည်။

ကျောင်းကုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုကပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲ၍ ငရုတ်ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တောင်သူတစ်ဦးလျှင် ငရုတ်တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြ ကြောင်း၊ လက်ရှိ ငရုတ်သီးစိမ်းဈေးကောင်းရရှိနေခြင်းကြောင့် ငရုတ်စိုက်တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များနှင့် ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News