ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပေါ်ဆန်း ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဒေသထွက် စပါးတွေကို ဝယ်ယူကြိတ်ခွဲပြီး ဆန်အဖြစ် ရန်ကုန်ဈေးကွက် ထဲ တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ဇန်နဝါရီလအတွင်း ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အခုဖေဖော်ဝါရီလထဲမှာလဲ မော်လမြိုင်ကျွန်းမြို့နယ်ဘက်က ဆန် တွေအဝယ်လိုက်နေပါတယ်” ဟု သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေခဲ့သည့် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ပေါ်ဆန်းဆန်များကို အဆက်မပြတ် တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ် လုပ်ငန်းရှင်များ၊ စပါးစိုက်တောင်သူများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ၊ စပါးစိုက်တောင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ