Local News

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ နနွင်းဧက ၁၀၀၀ ကျော် စိုက်ပျိုးထားပြီး စတင်တူးဖော်လျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နနွင်းကို ၁၀၄၅ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ နနွင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးထားကြောင်း သိရသည်။ နနွင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ စတင်တူးဖော်လျက်ရှိကြောင်း၊ နနွင်းကို ဘောင်ခတ်ပြီး မြေအောက်ရေ တင်စနစ်ဖြင့် စိုက်ပျိုးကာ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နနွင်းတက် လှည်း ၁၃-၁၅ စီးခန့်၊ တင်းအားဖြင့် ၃၂၅-၃၅၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြ၍ ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ နနွင်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများ ဆက်လက်ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမို ရရှိနိုင်ကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News