Local News

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဝါသီးနှံဈေးကောင်းရရှိ၍ တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝါသီးနှံ စိုက်ပျိုးရန် ဝါကြီး ၇၅၀ ဧက၊ ချည်မျှင်ရှည်ဝါ ၆၇၅၀ ဧက လျာထားခဲ့ပြီး ဝါကြီး ၁၈၀၄ ဧကနှင့် ချည်မျှင်ရှည်ဝါ ၅၈၃၆ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဝါအမျိုးအစားများအနေဖြင့် ရွှေတောင် ၈/၁၀ မျိုး၊ ရာကာ ၆၆၆ မျိုး၊ ငွေချည် ၆/၉ မျိုး စသည့်ဝါများကို စိုက်ပျိုးကြကြောင်း သိရသည်။

  ဝါသီးနှံများကိုမိုးကြိုရာသီဖြစ်သော ဖေဖော်ဝါရီလနှင့်မတ်လများတွင်လည်းကောင်း၊မိုးရာသီ ဖြစ်သော မေလနှင့် ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်များတွင် စိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ထွက် ရှိသော ဝါသီးနှံများမှာ ဇူလိုင်လနှင့် သြဂုတ်များတွင် စိုက်ပျိုးသော သီးနှံများဖြစ်ပြီး အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၇၂၀ ပိဿာကျော် ထွက်ရှိရာ ဝါသီးနှံထွက်ပေါ်ချိန်တွင် အခါလွန်မိုးရွာသွန်း မှုကြောင့် အထွက်နှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းအနေဖြင့် ဝါသီးနှံထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ၃,၅၀၀ ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ဝါတစ်ပိဿာလျှင် ၃၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်တွင်ဝါတစ်ပိဿာလျှင် ၂,၃၀၀ ကျပ်သာရှိခဲ့ရာ ယခုနှစ်တွင် ဝါသီးနှံဈေး ကောင်းရရှိလာကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ပေါက်ခေါင်းမြို့နယ်မှ ထွက်ရှိသော ဝါများကို မြို့ပေါ်ရှိ ဝါစက်များနှင့် ဝါဒိုင်များသို့ သွားရောက်ရောင်းချကြောင်း၊ ဝါစိုက်တောင် သူများအနေဖြင့် ယခုနှစ်တွင် ဝါသီးနှံအထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးနှုန်းကောင်းမွန်သည့် အတွက် အကျိုး အမြတ်များရရှိခဲ့ကြောင်း သိရှိရသည်။

DOCA (ပဲခူး)

source: https://www.commerce.gov.mm

Category: Local News