Local News

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မင်းလမ်းကျေးရွာရှိ ဝါးတူစက်ရုံမှ စွန့်ပစ်ဝါးဖတ်နှင့်ဝါးဆစ်များဈေးနှုန်းအခြေအနေ

Last Updated:

စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသောဝါးတူများနှင့် ထုတ်လုပ်သည့်စက်ရုံမှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဝါးဖတ်များနှင့်ဝါးဆစ်အတိုအစများကို ထင်းအစားထိုးလောင်စာအဖြစ် ပြန်လည်အသုံးပြုခြင်းမှာ အသုံးပြုသူများသာမက စက်ရုံများပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းလျက်ရှိပါသည်။

ကျေးလက်နေပြည်သူအများစုမှာ ထင်းကို လောင်စာအဖြစ်အသုံးပြုလျက်ရှိရာ စွန့်ပစ်ဝါးဖတ်နှင့်ဝါးဆစ်များအား လောင်စာအဖြစ်အသုံးပြုခြင်းဖြင့် ထင်းတောတက်ရန်နှင့် ထင်းခုတ်ရန် မလိုဘဲ ကုန်ကျစရိတ်သက်သာစွာသုံးစွဲနိုင်သကဲ့သို့ စက်ရုံမှလည်း အလေအလွင့်မဖြစ်တော့ဘဲ သင့်တင့်သောစရိတ်စကကိုပြန်လည်ရရှိစေပါသည်။

ဝါးဆစ်များကို ထမင်းဟင်းချက်ပြုတ်ရာတွင်အသုံးပြုသည့်အပြင် မြေအိုးလုပ်ငန်းများလုပ်ကိုင်ရာ၌ အိုးဖုတ်ရာတွင်လည်းအသုံးပြုနိုင်ပါသည်။ ထမင်းဟင်းချက်ပြုတ်သူများအတွက် ထော်လာဂျီအကြီးတစ်စီး တိုက်စာကို လေးလခန့်အသုံးပြုနိုင်ကြောင်းသိရပါသည်။

တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ရွှေဝါး ဝါးတူစက်ရုံတွင် စွန့်ပစ်ဝါးဆစ်နှင့် ဝါးဖတ်များကိုမှာယူနိုင်ကြောင်း၊ ထော်လာဂျီတစ်စီးတိုက်ကို ၄၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်အထိဖြင့် ပို့ဆောင်ပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

source: https://www.doca.gov.mm
 

Category: Local News