International News

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့

Last Updated:

လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့နှုန်းထားများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၃ လတာကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်မြင့်တက်ခဲ့ကြောင်း ၂၉-၁၁-၂၀၂၄ ရက်နေ့ထုတ် The NHK World Japan သတင်းစာတွင် “Tokyo inflation accelerates past 2% in November” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်း၌ ဂျပန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်ခဲ့ခြင်းကြောင့် စားသောက် ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရပ်ကွက် ၂၃ ခု၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါ သည်။

လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့နှုန်းထားများအပေါ် အစိုးရက အထောက်အပံ့ပေးမှုများ လျှော့ချခဲ့သည့်အတွက် လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့နှုန်းထားများမှာ မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် အပူချိန်မြင့်မားသည့် နွေရာသီတွင် လျှပ်စစ်မီတာခများ မြင့်တက်မှုကို လျှော့ချနိုင် စေရေး အစိုးရအနေဖြင့် အထောက်အပံ့ပေးမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လတ်ဆတ် သော စားသောက်ကုန်များကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် ဂျပန်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ၆၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အဆိုပါ မြင့်တက်မှု နှုန်းမှာ ၁၉၇၁ ခုနှစ်မှစ၍ အများဆုံးဖြစ်ခဲ့ကြောင်း၊ ချောကလက်ဈေးနှုန်းမှာ ၂၈.၅ ရာခိုင်နှုန်းနှင့် ကော်ဖီဈေးနှုန်းမှာ ၂၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The NHK World Japan 

Category: International News