International News

ဂျပန်အစိုးရအနေဖြင့် နိုင်ငံစုံလုပ်ငန်းကြီးများအပေါ် Global Minimum Tax ကို ချဲ့ထွင်ကောက်ခံသွားမည်

Last Updated:

ကုမ္ပဏီများအနေဖြင့် ဝင်ငွေခွန်များ ရှောင်ရှားမှုမရှိစေရေးအတွက် ဂျပန်အစိုးရအနေဖြင့် နိုင်ငံစုံလုပ်ငန်းကြီးများအပေါ် Global Minimum Tax ကောက်ခံသွားရန် ဆောင်ရွက်လျက် ရှိကြောင်း ၅-၁၂-၂၀၂၄ ရက်နေ့ထုတ် NHK World News သတင်းစာတွင် “Japan to broaden use of global minimum tax on multinationals” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်အစိုးရမှ ကောက်ခံသွားမည့် အခွန်ကို Global Minimum Tax (GMT) ဟု ခေါ်ဝေါ်သွားမည် ဖြစ်ကြောင်းနှင့် အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သွား မည် ဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်သွားမည်ကိုလည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD) မှ သဘောတူထားပြီး ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့အစိုးရများအနေဖြင့် နိုင်ငံစုံလုပ်ငန်းကြီးများကို ဆွဲဆောင်နိုင်ရေးအတွက် အခွန်နှုန်း များ လျှော့ချသတ်မှတ်ထားခြင်းကို တုံ့ပြန်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် အခြားသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD)၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် Global Minimum Tax (GMT) ကို သတ်မှတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်အစိုးရ အနေဖြင့် ၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အဆိုပါ မူဝါဒကို အကောင်အထည်ဖော်လျက် ရှိကြောင်း၊ အဓိကအားဖြင့် အခွန်နှုန်း ၁၅ ရာခိုင်နှုန်းအောက် နည်းသော နိုင်ငံများရှိ ဂျပန်ကုမ္ပဏီများ၏ လက်အောက်ခံကုမ္ပဏီများအပေါ် အခွန်ကောက်ခံနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှင့်ယခုအခါ ပြည်ပနိုင်ငံများတွင် ရုံးချုပ်တည်ရှိသော ဂျပန်နိုင်ငံရှိ ကုမ္ပဏီ၏ အခြားနိုင်ငံများရှိ ရုံးခွဲများအပေါ်လည်း အခွန်ချဲ့ထွင်ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အခွန်ကင်းလွတ်ခွင့် ရရှိရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများတွင် ရုံးခွဲတည်ထောင်ထားသော ကုမ္ပဏီများအား တင်းကြပ်သည့် အခွန်ဆိုင်ရာကြီးကြပ်မှုများ ဆောင်ရွက်နိုင်ရေး ထိုသို့ အခွန်ချဲ့ထွင်ကောက်ခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။  

ဂျပန်အစိုးရနှင့် အာဏာရပါတီအနေဖြင့် နိုင်ငံစုံလုပ်ငန်းကြီးများအပေါ် အခွန်ချဲ့ထွင် ကောက်ခံသွားမည့် အစီအစဉ်ကို ၂၀၂၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ပြီး၊ ၂၀၂၆ ဘဏ္ဍာနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများ အပါအဝင် နိုင်ငံစုံတွင် လုပ်ငန်းများ တည်ထောင် ဆောင် ရွက်လျက် ရှိသော ကမ္ဘာ့နိုင်ငံများမှ ကုမ္ပဏီကြီးများအနေဖြင့် အခွန်ကင်းလွတ်ခွင့် ရရှိစေရေး အတွက် အခွန်နှုန်းနည်းသည့် နိုင်ငံများတွင် ကုမ္ပဏီများ တည်ထောင်၍ အခွန်ရှောင်ရှားမှုများ ပြုလုပ်လျက် ရှိသည့်အတွက် ဂျပန်အစိုးရအနေဖြင့် အခြားနိုင်ငံများ အထူးသဖြင့် အခွန်နှုန်း နည်းပါးသည့် နိုင်ငံများရှိ ဂျပန်ကုမ္ပဏီများ (သို့မဟုတ်) ဂျပန်နိုင်ငံတွင် တည်ထောင်ထားသည့် ပြည်ပကုမ္ပဏီများ၏ လက်အောက်ခံကုမ္ပဏီများအနေဖြင့် ဂျပန်အစိုးရသို့ ပေးဆောင်ရမည့် အခွန်များကို ရှောင်ရှားမှုမရှိစေရေးအတွက် ယခုကဲ့သို့ Global Minimum Tax (GMT) ကောက်ခံ ရခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: NHK World News 

Category: International News