International News

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် အနောက်ဘက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် အစီအမံများထုတ်ပြန်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သည် နိုင်ငံ ၏ အနောက်ဘက်ဒေသများတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် အစီအမံ ၁၅ ခုကို ပွင့်လင်းမြင်သာမှုစွာဖြင့် မြှင့်တင်ဆောင်ရွက်ရန် အထူးအာရုံစိုက်လျက်ရှိ ကြောင်း သိရှိရ ပါသည်။

အဆိုပါအစီအမံများတွင် လိုအပ်ချက်အလိုက် အရည်အချင်းပြည့်မီသော ဒေသများတွင် ဆိပ်ကမ်းများဖွင့်လှစ်ခြင်း သို့မဟုတ် တိုးချဲ့ရန်ပံ့ပိုးဆောင်ရွက်ခြင်း၊ မြစ်-ပင်လယ်နှင့် ရထား-ပင်လယ် စသည့်သယ်ယူပို့ဆောင်ရေးပုံစံများအတွက် လွယ်ကူချောမွေ့စေမည့် အစီအမံသစ်များ ရှာဖွေခြင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင် GACC မှ Chengdu၊ Chongqing၊ Kunming၊ Xi'an နှင့် Urumqi ကဲ့သို့သော မြို့ကြီးများတွင် နိုင်ငံတကာလေကြောင်းအချက်အချာနေရာများ ဆောက်လုပ်ရန် စီစဉ်ပြီး နိုင်ငံ၏ အနောက်ဘက်ဒေသများရှိ အထူးစိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုမြှင့်တင်ရေး စီစဉ်လျက်ရှိ ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံအတွင်းနှင့် ပြင်ပနိုင်ငံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချဲ့ထွင် ဆောင်ရွက်ခြင်းဖြင့် ၎င်း၏ အနောက်ဘက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ကတိပြု ထားကြောင်း၊ သာဓကအနေဖြင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများကို အထူးသဖြင့် အာဆီယံရှိ ကမ္ဘာ့ဈေးကွက်များနှင့် ချိတ်ဆက်ပေးသည့် အထင်ကရ သယ်ယူပို့ဆောင်ရေး ကွန်ရက်မှာ New International Land-Sea Trade Corridor ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အဆိုပါစင်္ကြံသည် ကြားခံရထား-ပင်လယ်ရထား ခရီးစဉ်ပေါင်း ၁၀,၀၀၀ ကျော်ကို ကိုင်တွယ်ကာ RCEP အဖွဲ့ဝင်နိုင်ငံ များသို့ 87,846 twenty-foot equivalent units ကို အဆင်ပြေလွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင် ခဲ့ပြီး ကာလတူထက် ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

GACC ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၊ အနောက်ဘက်ဒေသများ၏ စုစုပေါင်း ပို့ကုန်၊ သွင်းကုန်မှာ ၂၀၂၀ ခုနှစ်တွင် ယွမ် ၂.၉၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံခန့်) မှ ၂၀၂၃ ခုနှစ်တွင် ယွမ် ၃.၇၄ ထရီလီယံအထိ တိုးတက်ခဲ့ပြီး ပျမ်းမျှနှစ်စဉ်တိုးတက်မှုနှုန်း၏ ၈.၅ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်းသိရှိရပါသည်။

 

Source: https://english.www.gov.cn/news/202501/05/content_WS677a82e6c6d0868f4e8ee874.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ        

 

     

Category: International News