International News

တရုတ်နိုင်ငံ၊ ရှင်းကျန်းပြည်နယ် ဟော်ဂို နယ်စပ်ဂိတ်တွင် ၂၀၂၄ ခုနှစ်၌ တရုတ်-ဥရောပ ကုန်တင်ရထားများ စံချိန်တင် မြင်တွေ့ရ

Last Updated:

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Uygur Autonomous Region) ရှိ အဓိကရထားလမ်းအချက်အချာဖြစ်သည့် ဟော်ဂိုနယ်စပ်ဂိတ် (Horgos port) သည် ၂၀၂၄ ခုနှစ်တွင် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ် စုစုပေါင်း ၈,၇၃၀ ဖြင့် စံချိန် တင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဒေသအကောက်ခွန်အရာရှိ များထံမှ သိရသည်။

ယခင် ၂၀၂၃ ခုနှစ်က ယင်းနယ်စပ်ဂိတ်တွင် ကုန်စည်တန်ချိန် စုစုပေါင်း ၁၂ ဒသမ ၁ သန်းကို ကိုင်တွယ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၁၀ ဒသမ ၉ ရာခိုင်နှုန်း တိုးလာသဖြင့် စံချိန်တင်နိုင်ခဲ့ကြောင်း ဒေသ အကောက်ခွန်ဌာနမှ ထုတ်ပြန်ခဲ့သည်။

ဟော်ဂိုနယ်စပ်ဂိတ်သည် ၂၀၂၄ ခုနှစ်တွင် တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ် တစ်ရက်လျှင် ပျမ်းမျှ ၂၂ ခု ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နေ့စဥ်သုံးပစ္စည်းများ၊ စက်နှင့် လျှပ်စစ် ပစ္စည်းများ ကဲ့သို့သော အရေအတွက်များသည့် "Made in China" ထုတ်ကုန်များကို ဗဟိုအာရှ (Central Asian) နှင့် ဥရောပဈေးကွက်များသို့ လွယ်ကူချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။

လွယ်ကူချောမွေ့သော လုပ်ထုံးလုပ်နည်းများနှင့်အတူ နယ်စပ်ဂိတ်ရှိ ကုန်တင်ရထားများအတွက် အကောက်ခွန်ရှင်းလင်းမှု ကြာမြင့်ချိန်ကို ၁၂ နာရီမှ ၆ - ၈ နာရီသို့ လျှော့ချလာနိုင်ခဲ့ကြောင်း ဟော်ဂို အကောက်ခွန်မှ Zhao Yuanfeng က ပြောကြားခဲ့သည်။

ယနေ့အချိန်အထိ ခရီးစဉ်ပေါင်း ၈၅ ခု တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ရထား ၄၀,၀၀၀ ကျော် သည် ဟော်ဂိုနယ်စပ်ဂိတ်မှတဆင့် ဗဟိုအာရှနှင့် ဥရောပရှိ ၎င်းတို့၏ ဦးတည်ရာနေရာများကို ရောက်ရှိ နေပြီဖြစ်သည်။ ဟော်ဂိုနယ်စပ်ဂိတ်သည် တရုတ်နှင့် ယူရေးရှား (Eurasia) ကို ဆက်သွယ်ပေးထားသည့် အရေးကြီးသော ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာသည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0104/c90000-20261984.html

 

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

 

Category: International News