၂၀၂၅ ခုနှစ်တွင် အစိုးရက စောင့်ကြည့်ရမည့် အဓိက မူဝါဒမှာ မကြာသေးမီက မိတ်ဆက်ခဲ့ သည့် အခွန်ပြောင်းလဲမှုဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြား ခဲ့ပါသည်။
ထိုင်းနိုင်ငံသည် တစ်ဦးကျဝင်ငွေနှင့် ကော်ပိုရိတ်ဝင်ငွေခွန်များကို လျှော့ချပြီး တန်ဖိုးမြှင့်ခွန်ကဲ့ သို့သော စားသုံးခွန် တိုးမြှင့်ခြင်းဖြင့် အခွန်စနစ်ပြောင်းလဲထားသော အခြားသော နိုင်ငံများ၏ ဥပမာ များကို လေ့လာလုပ်ဆောင်သင့်ကြောင်း၊ ဘဏ္ဍာရေးမူဝါဒရုံးသည် အခွန်ပြုပြင်ပြောင်းလဲမှုများကို ဆယ်စုနှစ်တစ်ခုကြာ ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံရေး စိန်ခေါ်မှုများကြောင့် အောင်မြင်မှုများများ စားစား မရှိပါကြောင်း၊ ကပ်ရောဂါကာလများ နောက်ပိုင်း ၂၀၂၀-၂၀၂၁ ခုနှစ်များနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းချိန်တွင် အစိုးရ၏ အိမ်ထောင်မှုကြွေးမြီသည် ကိုဗစ်ကာလမတိုင်ခင်ကထက် မြင့်တက်သွား ပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အစိုးရကြွေးမြီသည် GDP ၏ ၄၁.၁ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ကပ်ရောဂါကာလအတွင်း မြင့်တက်ခဲ့ရာ အစိုးရက ကြွေးမြီသတ်မှတ်ချက်ကို အမြင့်ဆုံး ၆၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစိုးရကြွေးမြီသည် ၆၄ ရာခိုင်နှုန်း ဖြစ်ခဲ့သဖြင့် ဘဏ္ဍာရေးဖိအားဖြစ်စေခဲ့ပြီး ဘဏ္ဍာရေးနေရာကို လျှော့ချခဲ့ပါကြောင်း၊ အစိုးရဝင်ငွေသည် သိသိသာသာ တိုးတက်မှုမရှိခဲ့ပါကြောင်း၊ GDP အချိုးအဖြစ် အစိုးရဝင်ငွေသည် ၂၀၁၆ ခုနှစ်တွင် ၁၆.၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၁၄.၆ ရာခိုင်နှုန်းဖြင့် ဆယ်နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အနည်းငယ်မြင့်တက်ခဲ့ပြီး ၁၄.၉ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ဖြတ်တောက်ရန် ခက်ခဲသည့် အစိုးရဝန်ထမ်းလစာများ၊ အစိုးရဝန်ထမ်းခံစားခွင့်အကျိုးကျေးဇူးများ၊ လူမှုဖူလုံရေးနှင့် အစိုးရပင်စင်ရန်ပုံငွေစသည့် ပြည်သူ့ဖူလုံရေးနှင့် ထည့်ဝင်ချက်များနှင့် အစိုးရကြွေးမြီ အပေါ် အတိုးပေးချေမှုများလည်း မြင့်တက်လာခဲ့ပါကြောင်း ကုန်သွယ်ရေးမူဝါဒရုံးက ပြောကြားချက် အရ သိရှိရပါသည်။
၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အထက်ဖော်ပြပါ ကုန်ကျစရိတ်များသည် အစိုးရစုစုပေါင်း ကုန်ကျစရိတ်၏ ၆၇.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက အဆိုပြုခဲ့သည့် အခွန်စနစ် ပြုပြင် ပြောင်းလဲမှုသည် လိုအပ်ပါကြောင်း၊ OECD နိုင်ငံများ၌ တစ်ဦးကျဝင်ငွေနှင့် ကော်ပိုရိတ်ဝင်ငွေခွန်များ မြင့်မားခြင်းသည် ပြည်သူများအတွက် အလုပ်လုပ်ခြင်းမှ စိတ်အားလျော့ခြင်းကို ဖြစ်စေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တစ်နည်းအားဖြင့် ဝင်ငွေအဆင့်တစ်ခုသို့ရောက်ရှိလာသူသည် အစိုးရ၏ သက်သာချောင်ချိရေးကို မှီခိုမည့်အစား အလုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြကြောင်း၊ ယင်းအဖြစ် အပျက်သည် စကင်ဒိုင်နေဗီးယန်းနိုင်ငံများတွင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အစိုးရ ဝင်ငွေမလုံ လောက်သောကြောင့် စကင်ဒိုင်နေဗီးယန်းပုံစံ သက်သာချောင်ချိရေးကို ဆောင်ရွက်မည် မဟုတ် ကြောင်း ကုန်သွယ်ရေးမူဝါဒရုံးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဆောင်ရွက်မည့်နည်းလမ်းသည် တစ်ဦးကျဝင်ငွေခွန်ကို လျှော့ချပေး၍ ပြည်သူများ အလုပ်လုပ် ကိုင်လိုစိတ်ကို မြှင့်တင်ပေးမည်ဖြစ်ရာ ပြည်သူများသည် အလုပ်ပိုမိုလုပ်ဆောင်လိုပြီး ဝင်ငွေရရှိ စေမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်မြင့်တက်လာခြင်းအတွက် ဝင်ငွေကို မြှင့်တင်ရန်နည်းလမ်းတွင် တန်ဖိုးမြှင့်ခွန်သည် အသင့်တော်ဆုံးဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ခွန် ၁ ရာခိုင်နှုန်း တိုးမြှင့်ခြင်းဖြင့် အစိုးရ ဝင်ငွေ ဘတ် ၇၀ ဘီလီယံမှ ၈၀ ဘီလီယံကြား ရရှိပါကြောင်း၊ ပြည်သူများ နေထိုင်မှုအတွက် လိုအပ် သော ကုန်စည်များစွာကို တန်ဖိုးမြှင့်ခွန်ကင်းလွတ်ပေးသော်လည်း ဝင်ငွေနည်းပါးသော အုပ်စုများနှင့် ထိခိုက်လွယ်သော အသိုက်အဝန်းများ ရှိလာနိုင်ကြောင်း၊ တန်ဖိုးမြှင့်ခွန် တိုးမြှင့်မှုနှင့်အတူ သက် ရောက်မှုကို ခုနှိမ်ပေးမည့် အစီအမံများကိုလည်း တစ်ပါတည်းဆောင်ရွက်သင့်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
တန်ဖိုးမြှင့်ခွန်တိုးမြှင့်ပါက ရရှိလာသည့် ဝင်ငွေကို တဖြည်းဖြည်းမြင့်တက်လာသော သက်ကြီး ရွယ်အိုလူဦးရေကို ထောက်ပံ့ပေးသင့်ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အသက် ၆၀ နှင့် အထက် လူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သဖြင့် “complete aged society” ဖြစ်နေ ပြီဖြစ်ကြောင်း၊ အစိုးရ၏ တန်ဖိုးမြှင့်ခွန်တိုးမြှင့်ခြင်းသည် သက်ကြီးရွယ်အိုဦးရေကို ထောက်ပံ့ ပေးရန် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသင့်ကြောင်း နိုင်ငံအဆင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Mr. Danucha Pichayanan က အကြံပြုထားပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။