အမေရိကန်နိုင်ငံ၊ အဝေးပြေးလမ်းများရှိ လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားသွင်းရုံများ အတွက် ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးရန် သဘောတူညီပြီးဖြစ်သော အမေရိကန်ဒေါ်လာ (၅) ဘီလီယံကို ဆိုင်းငံ့ရန် အမေရိကန်အစိုးရက ပို့ဆောင်ရေးဝန်ကြီးဌာနသို့ စာပေးပို့ခဲ့ကြောင်း၊ အဝေးပြေးလမ်းများရှိ ဓာတ်အားသွင်းရုံများသည် ခရီးဝေးမောင်းနှင်ချိန်၌ ဘတ္ထရီအားကုန်မည့်အပေါ် ယာဉ်မောင်းများ၏ စိုးရိမ်စိတ်ကို လျှော့ချပေးရာရောက်ပြီး လျှပ်စစ်မော်တော်ယာဉ်ဝယ်ယူမှုအပေါ် သက်ရောက်မှုများစွာ ဖြစ်စေကြောင်း၊ အဆိုပါရန်ပုံငွေကို ၂၀၂၁ ခုနှစ်၊ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အက်ဥပဒေ (2021 Infrastructure Investment and Jobs Act) အရ လွှတ်တော်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရသည် လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားသွင်းရုံများ အတွက် ရန်ပုံငွေထောက်ပံ့ခြင်းကို ရပ်ဆိုင်းရန် ၂၀-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ပို့ဆောင် ရေးဝန်ကြီးဌာနသို့ ပေးပို့သည့်စာအရ လျှပ်စစ်မော်တော်ယာဉ်များနှင့် ပတ်သက်သည့် ငွေပေးချေမှု စနစ်အပါအဝင် ပစ္စည်းအစိတ်အပိုင်းများ ယုံကြည်စိတ်ချရမှုဆိုင်ရာ လိုအပ်ချက်များပါဝင်မည့် အပြီးသတ်အမိန့်ထုတ်ပြန်ခြင်းမပြုမီ လာမည့်နွေဦးရာသီတွင် အစီအစဉ်နှင့် ပတ်သက်သော ညွှန်ကြားချက်များကို အများပြည်သူအကြံပြုချက်ပေးပို့နိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ပြည်နယ်များသည် မိမိတို့ပြည်နယ်၏ လျှပ်စစ်မော်တော်ယာဉ်ဓာတ်အားသွင်းရုံ တည်ဆောက်မည့်အစီအစဉ်ကို ရေးဆွဲနိုင်သော်လည်း ဖက်ဒရယ်အစိုးရက အပြီးသတ်အတည်ပြုရ ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ