International News

အမေရိကန်နိုင်ငံ၏လက်ကားရောင်းဝယ်မှု ပစ္စည်းလက်ကျန်စာရင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျဆင်းခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ လက်ကားရောင်းဝယ်မှု ပစ္စည်းများဖြစ်သည့်  ကြာရှည်စွာ အသုံးပြုနိုင် သော ကုန်ပစ္စည်းများ၏ လက်ကျန်စာရင်း (Inventory) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျဆင်းခဲ့ သည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များတွင်  ဖော်ပြထားပါသည်။ လက်ကားရောင်းဝယ်သည့်ကုန်စည်ဒိုင်များရှိလက်ကျန်စာရင်းသည် ဒီဇင်ဘာလ တွင် (၀.၅) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ကြာရှည်အသုံးပြုနိုင်သော ကုန်ပစ္စည်းလက်ကျန်စာရင်းသည် (၀.၆) ရာခိုင်နှုန်းနှင့် ကာလတိုသာအသုံးပြုနိုင်သော ကုန်ပစ္စည်းများလက်ကျန်စာရင်းသည် (၀.၂) ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းခဲ့ပါသည်။

 

 စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News