International News

ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာမည်ကို အမေရိကန်နိုင်ငံသားများ စိုးရိမ်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံ၊ မီချီဂန်တက္ကသိုလ်၏ လေ့လာမှုအရ စားသုံးသူများ၏စိတ်နေသဘောထား အညွှန်းကိန်း (Consumer-sentiment index)သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် (၇၁.၁) ရှိခဲ့ ရာမှ ဖေဖော်ဝါရီလလယ်ပိုင်းတွင်(၆၇.၈)သို့ ကျဆင်းခဲ့သည်ဟု ၇-၂-၂၀၂၅ ရက်တွင် ယင်းတက္ကသိုလ် ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ယင်းအညွှန်းကိန်းကျဆင်းခြင်းသည် သွင်းကုန်ခွန်မူဝါဒ၏ ထိခိုက်မှုများကိုရှောင်ရှားရန် အလွန်နောက်ကျနေသည်ဟု ယူဆချက်ကြောင့်ဖြစ်သည်ဟု စားသုံးသူ များ၏ စိတ်နေသဘောထား အညွှန်းကိန်းသုတေသန ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတက ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ သွင်းကုန်လုပ်ငန်းရှင်များသည် သွင်းကုန် ခွန်စရိတ်ကို အမေရိကန်စားသုံးသူများအပေါ်လွှဲပြောင်းပေးနိုင်သည်ဟု စီးပွားရေး ပညာရှင်များက သတိပေးခဲ့ကြကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် ငွေကြေး ဖောင်းပွမှုသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် (၂.၉) ရာခိုင်နှုန်းသို့ ရောက်ရှိသော်လည်း ဗဟိုဘဏ်၏ သတ်မှတ်စံနှုန်းထက်မြင့်တက်နေခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုဘဏ်သည် အတိုးနှုန်း လျှော့ချရန် ဆိုင်းငံ့ခဲ့ကြောင်း၊ လက်ရှိတွင် စားသုံးသူများသည် ငွေကြေးဖောင်းပွလာမည်ဟု ယူဆ လျက်ရှိပြီး ယင်းသို့ယူဆချက်သည် တစ်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News