International News

အမေရိကန်သမ္မတက Nippon Steel ကုမ္ပဏီအား U.S. Steel ကုမ္ပဏီကို ဝယ်ယူလိုမှုနှင့်ပတ်သက်၍ ညှိနှိုင်းမှုနည်းလမ်းသစ်တစ်ရပ်ကို ဖွင့်ပေးခဲ့

Last Updated:

အမေရိကန်သမ္မတက ဂျပန်နိုင်ငံမှ Nippon Steel ကုမ္ပဏီအား U.S. Steel ကုမ္ပဏီကို ဝယ်ယူခြင်းမဟုတ်သည့် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းသစ်တစ်ခုဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင် ရန် လမ်းဖွင့်ပေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ Nippon Steel ကုမ္ပဏီ သည် U.S. Steel ကုမ္ပဏီကို ဝယ်ယူခြင်းမပြုဘဲ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်ကြောင်း ၇-၂-၂၀၂၅ ရက်၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သမ္မတသည် Nippon Steel ကုမ္ပဏီမှ ကိုယ်စားလှယ်များအား လာမည့်ရက်သတ္တပတ် အတွင်း တွေ့ဆုံမည်ဖြစ်ပြီး ယင်းညှိနှိုင်းမှုနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခင်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီကို ဝယ်ယူမည့်ကိစ္စရပ်ကို ပိတ်သိမ်းခဲ့သဖြင့် ယင်းဆုံးဖြတ်ချက်အပေါ် Nippon Steel ကုမ္ပဏီနှင့် U.S. Steel ကုမ္ပဏီတို့က တရားစွဲဆိုခဲ့ပြီး Nippon Steel ကုမ္ပဏီသည် U.S. Steel ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် (Joint Venture) စိတ်ဝင်စားမှုမရှိဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News