ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် Kampu Nuts Agro Product Co. Ltd. တွင် အလုပ်လုပ်နေသော အသက် ၃၉ နှစ်အရွယ် Va Sokchea သည် ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အထည်ချုပ်စက်ရုံမှ သီဟိုဠ်စေ့ထုတ်စက်ရုံ (cashew nut processing plant) သို့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောင်းရွေ့လုပ်ကိုင်ခဲ့ပြီးနောက် အလုပ် ပြောင်းရွှေ့လုပ်ကိုင်ရခြင်း မရှိတော့ကြောင်း သိရသည်။
တရုတ်နိုင်ငံဈေးကွက်အတွက် သီဟိုဠ်စေ့ထုတ်စက်ရုံသည် တည်ငြိမ်သော အလုပ်အကိုင် နှင့် သင့်တင့်သော ဝင်ငွေရရှိစေကြောင်း၊ အထူးသဖြင့် အဆိုပါစက်ရုံသည် ၎င်း၏ နေအိမ်နှင့် ကီလို မီတာ အနည်းငယ်သာ ကွာဝေးသောကြောင့် မိသားစုများနှင့် အတူနေထိုင်နိုင်ကြောင်း ကလေး လေးဦးမိခင် Va Sokchea က ပြောခဲ့သည်။ ၎င်းအနေဖြင့် စက်ရုံတွင် သီဟိုဠ်စေ့ အရွယ်အစား အလိုက် သီဟိုဠ်စေ့များကို ခွဲထုတ်ခြင်းနှင့် သီဟိုဠ်စေ့၏ အပြင်ဘက်အခွံများကို ဖယ်ထုတ်ခြင်းများ ဆောင်ရွက်ရခြင်း ဖြစ်သည်။
ဖနွမ်းပင်မြို့ရှိ အထည်ချုပ်စက်ရုံတွင် ၎င်း၏လစဉ်လုပ်အားခ ဒေါ်လာ ၂၀၀ ကျော်သာ ရှိကြောင်း အဆိုပါလုပ်အားခထက် ပိုမိုရရှိလာကြာင်း၊ ပုံမှန်ဝင်ငွေ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ရရှိခြင်းကြောင့် ယခုအလုပ်ကို အလွန်နှစ်သက်ကြောင်း၊ လတ်တလောအနေဖြင့် ကုန်ကျစရိတ်များမရှိကြောင်း၊ သုံးရေအတွက် ကုန်ကျမှုမရှိကြောင်း၊ မိသားစုဝင်များ၏ အစား အသောက်အတွက် သီးခြားကုန်ကျခြင်း မရှိတော့သဖြင့် ယခင်ကထက် စားဝတ်နေရေး ပိုမို ကောင်းမွန်လာကြောင်း၊ ဖနွမ်းပင်မြို့တွင် လုပ်ကိုင်ခဲ့စဉ်ကနှင့် မတူတော့ကြောင်း၊ ယခင်အလုပ် တွင် ငှားရမ်းခများနှင့် အသုံးစရိတ်များ ကြီးမြင့်မှုကြောင့် ၎င်းအတွက် ခက်ခဲခဲ့ရကြောင်း Sokchea ပြောကြားချက်အရ သိရသည်။
Sokchea အနေဖြင့် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များ၊ အထူးသဖြင့် ပြုပြင်ထားသော သီဟိုဠ်စေ့များကို ဝယ်ယူသည့်အတွက် တရုတ်စားသုံးသူများအပေါ် ကျေးဇူးတင်ရှိမှု ဖော်ပြခဲ့ပြီး တရုတ် နိုင်ငံ၏ ဝယ်ယူမှုသည် ကမ္ဘောဒီးယား တောင်သူလယ်သမားများအတွက် အကျိုးကျေးဇူး များစွာကို ဆောင်ကြဉ်းပေးပါကြောင်းနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက် ၃၈ နှစ်အရွယ် အလုပ်သမားတစ်ဦးဖြစ်သူ So Soos သည် ယခင်က ၎င်းသည် စပါးစိုက်တောင်သူ တစ်ဦးဖြစ်ပြီး စားဝတ်နေရေး ခက်ခဲခဲ့သော်လည်း လွန်ခဲ့သော တစ်နှစ်ခန့်က ယင်းစက်ရုံတွင် အလုပ်ရရှိပြီးနောက် ၎င်း၏ စားဝတ်နေရေးမှာ တိုးတက်ကောင်းမွန်လာကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ပထမအချက်အနေဖြင့် စက်ရုံသည် ၎င်း၏ နေအိမ်နှင့် နီး သည့်အတွက် ယင်းအလုပ်ကို ကြိုက်နှစ်သက်ကြောင်း၊ သွားလာမှု လွယ်ကူကြောင်း၊ ဒုတိယအချက် အနေဖြင့် လစာ၀င်ငွေသည်လည်း သင့်တင့်သော ပမာဏရှိကြောင်း၊ တစ်လလျှင် ဒေါ်လာ ၃၀၀ ရရှိ ကြောင်းစသည်ဖြင့် ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား သီဟိုဠ်စေ့များကို တရုတ်နိုင်ငံမှ ဝယ်ယူခြင်းသည် ဒေသခံ အလုပ်သမားများ နှင့် လယ်သမားများ၏ လူနေမှုဘဝကို မြင့်တင်ပေးသည့်အပြင် ၎င်းတို့၏ စီးပွားရေးကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း Suos က ပြောကြားခဲ့သည်။
စက်ရုံမှ သီဟိုဠ်စေ့ တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၃,၀၀၀ မှ ၄,၀၀၀ အတွင်းရှိပြီး စက်ရုံတွင် အလုပ်အကိုင် အခွင့်အလမ်း ၂၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ လတ်တလောတွင် စက်ရုံ၏ အဓိက ပို့ကုန်ဈေးကွက်သည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်းတို့ ထုတ်ကုန်များ၏ ၉၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ ရောင်းချလျက်ရှိကြောင်း၊ ကမ္ဘောဒီးယား သီဟိုဠ်စေ့သည် ၎င်း၏ ကြီးမားသော အစေ့သားကြောင့် တရုတ် စားသုံးသူများကြားတွင် လူကြိုက်များ၍ နာမည်ကြီး ကြောင်း၊ ခရင်မ်အနည်းငယ်ဖြင့် အရသာချိုကြောင်း စက်ရုံ မန်နေးဂျင်း ဒါရိုက်တာ Hout Hyhhaikeang ကပြောကြားခဲ့သည်။
စက်ရုံအနေဖြင့် လယ်သမားများနှင့် ပွဲစားများထံမှ သီဟိုဠ်စေ့ကုန်ကြမ်းကို ဝယ်ယူ၍ ကုန်စည်၏ အရည်အသွေးကို ကျွမ်းကျင်ဝန်ထမ်းများဖြင့် စနစ်တကျ စမ်းသပ်ထုတ်လုပ်ထား ကြောင်း၊ သီဟိုဠ်စေ့ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာကျွမ်းကျင်မှု သင်တန်းများကို ဝန်ထမ်းများအား ပံ့ပိုးပေးထားကြောင်းနှင့် တောင်သူများအနေဖြင့် ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှုမှ တစ်ဆင့် ဝင်ငွေများရနိုင်မည့် အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးထားကြောင်း Hout Hyhhaikeang ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး သီဟိုဠ်စေ့ကုန်ကြမ်း ထွက်ရှိသည့် နိုင်ငံ ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းတန်ချိန် ၈၅၀,၀၀ ထွက်ရှိကြောင်း ကမ္ဘောဒီးယား သီဟိုဠ်စေ့ အသင်း (Cashew Nut Association of Cambodia-CAC) အချက်အလက်များအရ သိရှိရသည်။
ထုတ်လုပ်မှု လုပ်ငန်းပြတ်လပ်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ယမန်နှစ်က သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၈၁၅,၀၀၀ သာ တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းထုတ်လုပ်မှု၏ ၉၅.၈ ရာခိုင်နှုန်း သည် ဗီယက်နမ်နိုင်ငံမှ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း CAC အချက်အလက်များအရ သိရ သည်။ ဗီယက်နမ်နိုင်ငံ၏ ပြည်နယ် ၁၁ ခု တွင် သီဟိုဠ်စေ့ စိုက်ဧကစုစုပေါင်း ဟက်တာ ၇ သိန်းခန့် ရှိကြောင်း သိရသည်။
အရင်းအမြစ်။ http://en.people.cn/n3/2025/0306/c90000-20285397.html
စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။