ယခင်က တရုတ်စားသုံးသူများအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကုန်ပစ္စည်းများကို ဝယ်ယူရန် ပြည်ပ နိုင်ငံများသို့ ဈေးဝယ်ထွက်ကြသည်။ ယနေ့ခေတ်တွင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများသည် ပြည်ပနိုင်ငံများတွင် လူကြိုက်များရေပန်းစားလာသဖြင့် နိုင်ငံရပ်ခြားမှ စားသုံးသူများစွာသည် တရုတ် e-commerce ပလပ်ဖောင်းများမှ တရုတ်ကုန်ပစ္စည်းများကို ဝယ်ယူလာကြသည်။ နိုင်ငံ တကာ ဆိုရှယ်မီဒီယာတွင် "တရုတ် e-commerce ပလပ်ဖောင်းများမှ ဈေးဝယ်နည်း" (how to buy from Chinese e-commerce platforms) သည် ခေတ်စားလာသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြီး တရုတ်ထုတ်ကုန်များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်လာမှုကို ထင်ဟပ်လာစေသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်းတုန် (Shandong) ပြည်နယ်၊ ယင်ဟိုင်မြို့ (Yantai) မှ လယ်သမားတစ်ဦးသည် အင်္ဂလိပ်ဘာသာဖြင့် ပန်းသီးရောင်းချခဲ့ခြင်းကြောင့် နာမည်ကြီးသွားခဲ့ သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျဲကျန်း (Zhejiang) ပြည်နယ်၊ ယိဝူမြို့ (Yiwu) မှ လုပ်ငန်းရှင် များသည် နိုင်ငံခြားဘာသာ စကား ၃၆ မျိုးဖြင့် အရည်အသွေးမြင့် ထုတ်ကုန်ဗီဒီယိုများ ဖန်တီးရန် အတွက် DeepSeek ကို အသုံးပြုခဲ့ပြီး ၎င်းတို့အနေဖြင့် နိုင်ငံခြားသုံးစွဲသူများကို ဘာသာစကား မျိုးစုံဖြင့် ဆွဲဆောင်နိုင်ခဲ့ကြသည်။
တရုတ်အင်တာနက်အသုံးပြုသူများအနေဖြင့် ဇာတိမြို့မှ ကျွမ်းကျင်မှုများကို ထုတ်ဖော်ပြ ခြင်းဖြင့် အခွင့်အလမ်းများရရှိလာခြင်းကို အံ့ဩလျက်ရှိကြသည်။
လက်သည်းညှပ်များ (nail clippers) ၊ ဟင်းခတ်အမွှေးအကြိုင်များ (condiments) နှင့် ကြက်သွန်ချေသည့် ကိရိယာများ (garlic presses) ကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများမှ လျှပ်စစ်ကား များ (EV) နှင့် အိမ်သုံးပစ္စည်းများကဲ့သို့သော လူသုံးကုန်ပစ္စည်းကြီးများ အထိ နယ်စပ်ဖြတ်ကျော် e-commerce ပလပ်ဖောင်းများမှတစ်ဆင့် လူတိုင်း ဝယ်ယူရရှိနိုင်သည်။
တရုတ် e-commerce ပလပ်ဖောင်းများတွင် စျေးဝယ်မှု မြင့်တက်လာခြင်းသည် ခိုင်မာသော ကုန်ထုတ်လုပ်ငန်းဖြင့် ကျောထောက်နောက်ခံပြုထားသည့် တရုတ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင် စွမ်းကို ဖော်ပြနိုင်ခြင်းဖြစ်သည်။ ယခင်က "Made in China" သည် ဈေးသက်သာခြင်းနှင့် နောက်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် တရုတ်ထုတ်လုပ်သူများအနေဖြင့် အရည် အသွေး၊ နည်းပညာဆန်းသစ်မှုနှင့် ဒီဇိုင်းစသည်တို့တွင် ကြီးမားသောဖန်တီးမှုများ ဆောင်ရွက်လာ ကြသည်။ စမတ် နည်းပညာများသည် ပိုမိုထိရောက်မှု၊ ကုန်ကျစရိတ် သက်သာမှုတို့ကို မြှင့်တင်ပေး သည့်အပြင် တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေသည်။
ဥပမာအနေဖြင့် လျှပ်စစ်ကား (EVs) ဈေးကွက်ကို ကြည့်လျှင် တစ်ချိန်က အချို့သော ကုမ္ပဏီများသည် စျေးကွက်ဝေစုရရှိရေးအတွက် စျေးနှုန်းများကို လျှော့ချခြင်းဖြင့် ပြိုင်ဆိုင်ခဲ့ကြ သည်။ ယခုတွင်မူ ဆန်းသစ်တီထွင်မှုကြောင့် EV များသည် GPS လမ်းကြောင်းပြစနစ် (GPS navigation) ၊ တာယာလေ ဖိအားစောင့်ကြည့်စနစ် (tire pressure monitoring) ၊ အသံဖြင့် ထိန်းချုပ်မှုစနစ် (voice control)၊ လီသီ ယမ်ဘက်ထရီများ (lithium batteries) ၊ အဆင့်မြင့် လုံခြုံရေးစနစ်များ (advanced safety systems) နှင့် အဝေးထိန်းစနစ်ဖြင့် ခြေရာခံခြင်းနှင့် သတိပေးချက်များ ပါရှိသည့် smart anti-theft features စနစ်များကို တပ်ဆင် အသုံးပြုလာ ကြသည်။
တရုတ်ကုမ္ပဏီများအနေဖြင့် စျေးနှုန်းပြိုင်ဆိုင်မှုမှ စျေးကွက်ရွေးချယ်မှုသို့ ပြောင်းရွှေ့ စဉ်းစားလာကြသည်။ ၎င်းတို့၏ ထုတ်ကုန်များသည် ခိုင်မာသော ဂုဏ်သတင်းတစ်ခုကိုရရှိခဲ့ပြီး နိုင်ငံရပ်ခြားတွင် အခိုင်အမာနေရာယူလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်း၌ "တရုတ်စမတ် ကုန်ထုတ် လုပ်ငန်း" (Chinese smart manufacturing) သည် ၎င်း၏ ဆောင်ရွက်နိုင်စွမ်းကို ပြန်လည်ပုံဖော် ၍ကမ္ဘာ့ပို့ကုန်များအတွက်စံနှုန်းတစ်ခုဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစူး (Jiangsu) ပြည်နယ်၊ နန်ကျင်းမြို့ (Nanjing) ရှိ ကုမ္ပဏီ တစ်ခု၏ စက်ရုံတွင်နယ်စပ်ဖြတ်ကျော် e-commerce အတွက် ရေခဲသေတ္တာများကို စစ်ဆေးခြင်း နှင့် ပို့ဆောင်ခြင်း လုပ်ငန်းများအတွက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
လွန်ခဲ့သောငါးနှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုသည် ဆယ်ဆကျော် တိုးတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်နှင့် ပို့ကုန် စုစုပေါင်းသည် ယွမ် ၂ ဒသမ ၆၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆၁ ဘီလီယံ ခန့်) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
မကြာသေးမီက တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် အခြားဌာန နှစ်ခုသည် နယ်စပ်ဖြတ်ကျော် e-commerce ၏ ကြီးကြပ်မှုလုပ်ငန်း ချောမွေ့လာစေရန် မူဝါဒ အသစ်များကို မိတ်ဆက်ခဲ့သည်။ ပြင်ပဖိအားများကြားမှ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ဆက်လက် ကောင်းမွန် နေကြောင်း ပြသလျက်ရှိသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံ (Guangdong) ပြည်နယ်၊ ကျုံးရှန်းမြို့ (Zhongshan) ရှိ မီးသီး ထုတ်လုပ်သူ (lighting manufacturer) တစ်ဦးသည် e-commerce လမ်းကြောင်းမှတစ်ဆင့် ခြောက်လအတွင်း ၎င်း၏ ရောင်းချမှုသည် အဆ ၃၀၀ နီးပါး မြှင့်တက်လာခဲ့သည်။ ယိဝူမြို့တွင် လန်ဒန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ ၁၀ ကြိမ်မြောက် ထုတ်ကုန် ရင်းမြစ် များ ဝယ်ယူမှုခရီး စတင်ခဲ့ပြီး ကုန်သေတ္တာအလုံး ၁၀၀ အပြည့် ကုန်ပစ္စည်းများကို ဝယ်ယူရန် အတွက် တရုတ်နိုင်ငံသို့ နှစ်စဉ်လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံအနေဖြင့် "တစ်ကမ္ဘာလုံးဝယ်ယူခြင်း" (buying globally) မှ "တစ်ကမ္ဘာလုံး ရောင်းချခြင်း" (selling globally) သို့ ရွေ့လျားပြောင်းလဲလာသည်နှင့်အမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းနှင့် အောင်မြင်မှု အတူမျှဝေခြင်း ဆီသို့ တစိုက်မတ်မတ် ချဲ့ထွင်ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရသည်။
အရင်းအမြစ်။ http://en.people.cn/n3/2025/0305/c98649-20284898.html
စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။