International News

အမေရိကန်အစိုးရက အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်ကို စတင်မိတ်ဆက်

Last Updated:

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကို ခိုင်မာအား ကောင်းစေရန် တီထွင်ဖန်တီးနိုင်သော၊ ထိရောက်မှုမြင့်မားသော ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်ကို ၇-၁-၂၀၂၅ ရက်တွင် မိတ်ဆက် ခဲ့ပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းနှင့် ပြည်ပတွင်ကြုံတွေ့လျက်ရှိသည့် ရှုပ်ထွေးပွေလီ သောစိန်ခေါ်မှုများကို အစိုးရတစ်ခုတည်းကသာ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ နှစ်နိုင်ငံနှင့် နိုင်ငံပေါင်းစုံ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ခြင်းအပြင် အမေရိကန်နိုင်ငံ အနေဖြင့် ပြည်နယ်အဆင့်နှင့် အစိုးရမဟုတ်သောမိတ်ဖက်များထံမှ စိတ်ကူးစိတ်သန်း၊ ရှုထောင့် အမြင်များနှင့် ၎င်းတို့၏ပါဝင်မှုများကိုပါရယူသင့်သည်ကို သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် အသိအမှတ်ပြု လျက် အမေရိကန်အစိုးရသည် ၎င်း၏အဓိကစိတ်ဝင်စားမှုနယ်ပယ်နှင့် အရေးပါသည့်ကိစ္စရပ်များ၌ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို မကြုံစဖူးအသုံးပြုခဲ့ပါသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုသည် ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါတားဆီးကာကွယ်ခြင်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကဲ့သို့သော ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ထိရောက်စွာ ထိတွေ့လုပ်ဆောင်ရန်လည်း ကူညီပံ့ပိုးလျက်ရှိပါသည်။ ထို့အပြင် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် ဖက်ဒရယ်အစိုးရဌာနများတွင် ‘ပူးပေါင်းဆောင်ရွက်မှု’ဟူသောယဉ်ကျေးမှုကို တည်ဆောက်ခဲ့သဖြင့် အမျိုးသားလုံခြုံရေးအဖွဲ့အစည်းများအားလုံးနီးပါး၏ အရင်းအမြစ်ရယူခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအသုံးပြုခြင်းသည် နည်းလမ်း တစ်ခုဖြစ်လာခဲ့ပါသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ပုဂ္ဂလိကရန်ပုံငွေကိုတိုးမြှင့်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအသစ်များ စတင်မိတ်ဆက်ခြင်းနှင့် ကမ္ဘာတစ်ဝှမ်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ဖက်ဒရယ်အစိုးရဌာနများမှတစ်ဆင့် နိုင်ငံပေါင်း (၁၃၀) ကျော်တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး အဓိကပူးပေါင်းဆောင်ရွက်မှုများအဖြစ် အင်ဒို-ပစိဖိတ်စီးပွားရေး မူဘောင် (Indo-Pacific Economic Framework, IPEF)အောက်တွင် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက်ပူးပေါင်းဆောင်ရွက်မှု (Partnership for Global Infrastructure)၊ Lobito Trans-Africa Corridor ၊ အာဖရိကတိုက်ဖြတ်သန်းသည့် မီးရထားလမ်း ကွန်ရက်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ Luzon Economic Corridor စသည့် အရည်အသွေးမြင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်း၊ ဒေသတွင်းစွန့်ဦးတီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များကို တိုးမြှင့်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ တုံ့ပြန်ဆောင်ရွက်မှု၊ ရာသီဥတုအကျပ်အတည်းကို အရေးယူဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ခံနိုင်စွမ်းရှိစေရန် တည်ဆောက်ခြင်း၊ စားနပ်ရိက္ခာ မလုံလောက်မှုကို ဖော်ထုတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးနှင့် အခွင့်အလမ်းကို မြှင့်တင်ပေးခြင်း၊ ဒုက္ခသည်များအတွက်မျှော်လင့်ချက်ရောက်ခြည်ပေးခြင်းနှင့် အာဖဂန်မဟာမိတ်များကို ကြိုဆိုခြင်း၊ ဒေသတွင်းရွှေ့ပြောင်းသွားလာမှုကို စီစဉ်ပေးခြင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုနှင့် စီးပွားရေးတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်နှင့် နည်းပညာကဏ္ဍတို့တွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့် အမေရိကန်နိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် လုံခြုံမှုရှိစေရန်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါ သည်။    

Category: International News