International News

ဖိလစ်ပိုင်နိုင်ငံသို့ ဆားတင်သွင်းမှုအတွက် သင်္ဘောတင်ပို့ရမည့် ရက်အား အဆိုပြု

Last Updated:

ဖိလစ်ပိုင်နိုင်ငံသို့ ဆားတင်ပို့မည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး ဌာနမှ ပိုးမွှား ကင်းစင်ကြောင်းသက်သေခံလက်မှတ် (Sanitary and Phyotosanitary Import Clearance-SPSICs) အတည်ပြုချက်ရရှိပြီး ၂ လအတွင်း သက်ဆိုင်ရာ ဆားတင်ပို့ မည့် မူရင်းနိုင်ငံမှတစ်ဆင့် သင်္ဘောတင်ပို့ရန် Bureau of Fisheries and Aquatic Resources (BFAR) မှ ပြောကြားခဲ့ပါသည်။ ဆားတင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) ကို SPSICs ထုတ်ပေးသည့် BFAR မှ ဖြန့်ဝေ သွား မည်ဖြစ်ပြီး SPSICs ရရှိပြီး ၂ လ အတွင်း သင်္ဘောတင်ပို့သွားရန် ဖော်ပြထားပါသည်။ အကယ်၍ ရက် ပေါင်း ၆၀ အတွင်း တင်ပို့နိုင်ခြင်းမရှိပါက ထုတ်ပေးထားသည့် SPSICs သည် အလိုအလျောက် ပျက်ပြယ်ခြင်း၊ သက်တမ်းကုန်သွားခြင်းတို့ ဖြစ်သွားမည်ဟု ဖော်ပြပါရှိပါသည်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ထုတ်ပေးသည့် SPSICs သည် ဖိလစ်ပိုင် နိုင်ငံသို တင်သွင်းမည့် ကုန်စည်များသည် လူ၊ တိရစ္ဆာန်နှင့် အပင်တို့အတွက် မည်သည့် အန္တရာယ်မျှ ထိခိုက်နိုင်ခြင်းမရှိကြောင်း ထောက်ခံပေးသည့် အသိအမှတ်ပြု လက်မှတ်ဖြစ်ပါ သည်။ ဆားတင်သွင်းမှုတွင် အမျိုးအစား ၂ မျိုးရှိပြီး Food-grade နှင့် Non-food grade တို့ဖြစ်ပါကြောင်း၊ Non-food grade ဆား အားတင်သွင်းမည်ဆိုပါက SPSICs အားရယူရန် မလိုအပ်ပါကြောင်း Salt Importation Guideline (Draft) တွင် ရေးသားဖော်ပြထားပါသည်။ အဆိုပါ Guidelines အား အခြားသော သက်ဆိုင်ရာအစိုးရ ဌာနများဖြစ်သည့် Bureau of Plant and Industry နှင့် Bureau of Animal Industry တို့သို့လည်း ဖြန့်ဝေထားကြောင်း ဖော်ပြပါရှိပါသည်။

သက်ဆိုင်ရာဌာနများမှ ထုတ်ပေးသည့် SPSICs များ၏ သင်္ဘောတင်ပို့ရမည့် သတ်မှတ်ရက်များမှာ ကုန်ပစ္စည်းလိုက် ကွာခြားမှုရှိပါကြောင်း၊ ဆန်တင်သွင်းမှုအတွက်ဆို လျှင် SPSICs ရရှိပြီး မူရင်းတင်ပို့မည့်နိုင်ငံမှ ရက်ပေါင်း ၆၀ အတွင်း သင်္ဘောတင်ပို့ရန်၊ အသား တင်သွင်းမှုအတွက်ဆိုလျှင် ရက်ပေါင်း ၉၀ အတွင်း စသည်ဖြင့် သတ်မှတ်ထားပါ သည်။ ထို့ပြင် နောင်တွင် ဆားတင်သွင်းခြင်းအား ကုန်ပစ္စည်းတင်သွင်းသူ (importer) များ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ်အခြေခံ၍ ပြည်တွင်းလိုအပ်ချက်အရ တင်သွင်းမည့် ပမာဏအား ကန့်သတ်သွားမည်ဟူသည့်အချက်ကိုလည်း Guideline (Draft) တွင် ဖော်ပြ ထားသည်ကို တွေ့ရှိရပါသည်။

ဆားတင်သွင်းမည့်သူများအနေဖြင့် မူရင်းဆားတင်ပို့မည့်နိုင်ငံမှ သင်္ဘောတင်ပို့မည့် ရက်မတိုင် မီ ၅ ရက်ခန့်ကြိုတင်၍ လိုအပ်သည့် အထောက်အထားစုံလင်စွာဖြင့် SPSICs အား လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ SPSICs မရရှိသေးမီကာလအတွင်း မူရင်းတင်ပို့သည့် နိုင်ငံမှ သင်္ဘောတင်ပို့ခြင်း ကို ခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း ဖော်ပြပါရှိပါသည်။ Salt Importation Guidelines (Draft) ကို Ease of Doing Business Act နှင့်အညီ ရေးဆွဲထားခြင်းဖြစ်ပြီး Food and Drug Administration (FDA) နှင့် Baureau of Animal Industry (BAI) တို့ဖြင့်ပူးပေါင်း ရေးဆွဲထားခြင်းဖြစ်ကြောင်း တွေ့ရှိ ရပါသည်။

Salt Importation Guidelines သည် Salt Industry Development Act ၏ Section-22 ပါ Food-grade Salt နှင့် Non-food grade Salt နှစ်မျိုးစလုံးအား ခြုံငုံမိစေရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ Food-grade Salt အားတင်သွင်းမည့်သူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင် (License to Operate-LTO) အား FDA မှ ရရှိထားရန် လိုအပ်ပါကြောင်း၊ Non food-grade Salt အား တင်သွင်းမည့်သူများအနေဖြင့် BFAR မှ LTO မဖြစ်မနေရယူထားရန်လိုအပ်ပြီး agriculture-grade Salt Fertilizer တင်သွင်းမည့်သူများ အနေဖြင့် Fertilizer and Pesticide Authority-FPA မှ LTO ရရှိ ထားရန် လိုအပ်သကဲ့သို့ Salt for animal feed အားတင်သွင်းမည့်သူများအနေဖြင့် BAI မှ LTO ရရှိရန် လိုအပ်ပါ ကြောင်း ဖော်ပြပါရှိပါသည်။

ယခုရေးဆွဲထားသည့် Salt Importation Guidelines အား ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးထံသို့ မတင်ပြမီ သက်ဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကဌာန၊ အဖွဲ့အစည်းများထံမှ သဘောထားမှတ်ချက်များ တောင်းခံသွားရန် Guidelines (Draft) အား ရှေ့လာမည့် မတ်လအတွင်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဆားတင်သွင်းခြင်းအတွက် သွင်းကုန်ခွန် 9% ad Valorem ဖြစ်ပြီး HS Code  အလိုက်ဆားအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း Philippines Bureau of Customs မှ ၃၀-၉-၂၀၂၄ ရက်နေ့က ထုတ်ပြန်သည့် Customs Memorandum for Salt Industry နှင့်အတူ လေ့လာတင်ပြအပ်ပါသည်-

          (က)    2501.00.10              Table Salt

          (ခ)     2501.00.20              Unprocessed rock salt

          (ဂ)     2501.00.50              Sea water, Other

          (ဃ)    2501.00.51              Salt, denatured, industrial

          (င)     2501.00.91              With sodium chloride content more than 60%  but less

                             than 97%, calculated on a dry basis, fortified with iodine

(စ)     2501.00.92               Other, with sodium chloride content 97% or more but

less than 99.9%, calculated on a dry basis

(ဆ)    2501.00.99               Other

https://customs.gov.ph/wp-content/uploads/2024/10/2024CMC-164-2024-2.pdf

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News