International News

ဂျာမနီမှ Porsche ကားထုတ်လုပ်ရေးကုမ္ပဏီသည် ၂၀၂၉ ခုနှစ်တွင် အလုပ်အကိုင်များ လျှော့ချရန် စီစဉ်နေ

Last Updated:

ဂျာမနီမှ ပြိုင်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော  Porsche သည် ၂၀၂၉ ခုနှစ်တွင် ဂျာမနီရှိ ၎င်း၏ စက်ရုံနှစ်ခုတွင် အလုပ်သမား (၁,၉၀၀) ခန့်ကို လျှော့ချရန် စီစဉ်နေကြောင်း ၁၃-၂-၂၀၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Stuttgart မြို့တွင် အခြေစိုက်သော ယင်းကုမ္ပဏီသည် ဝန်ထမ်းအင်အား စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကို လျှော့ချခဲ့ရာ လက်ရှိ ရှိရင်းစွဲ ယာယီဝန်ဝန်ထမ်းများမှာ အလုပ်အကိုင် ဆုံးရှုံးမှု များနှင့် ရင်ဆိုင်နေခဲ့ရပါသည်။ ယင်းသို့လျှော့ချမှုသည် Stuttgart-Zuffenhausen ရှိ ၎င်း၏ ပင်မစက်ရုံနှင့် Weissach ရှိ စက်ရုံတစ်ခုကို သက်ရောက်မှုရှိလိမ့်မည်ဟု ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

၎င်းတို့ကုမ္ပဏီ၏ အလုပ်အကိုင် ဖြတ်တောက်မှုနှင့် အလုပ်သမားလျှော့ချမှုသည် ၂၀၂၉ ခုနှစ် တွင်  ပြီးဆုံးလိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ Human Resources Manager ဖြစ်သူ Mr. Andreas Haffner နှင့် Works Council ၏ ဥက္ကဌဖြစ်သူ  Mr. Harald Buck တို့က Stuttgarter Nachrichten သတင်းစာသို့  ပြောကြားခဲ့ပါသည်။

၁၉၇၀ ခုနှစ်နှင့် ယင်း၏အစောပိုင်းကာလတွင် မွေးဖွားခဲ့ကြသော ဝန်ထမ်းများ အတွက် အချိန် ပိုင်း အလုပ်သမားများ အငြိမ်းစားယူခြင်းဆိုင်ရာ အစီအစဉ်တစ်ခုသည်  အငြိမ်းစားယူလိုက်သော ဝန်ထမ်းများ၏နေရာတွင် ဝန်ထမ်းအသစ်များ အလုပ်အကိုင်ရရှိ လာစေရန် အထောက် အကူပြုလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

ဝန်ထမ်းများအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ အလုပ်အကိုင်အတွက် အာမခံချက် ရှိနေမည်ဖြစ်ကြောင်း၊  လုပ်ငန်းလည်ပတ်မှုများ ဆောင်ရွက်နေရသည့်အတွက် ယင်းမှ ရရန် ရှိလာသော အပိုငွေများကို ပယ်ချထားပြီးနောက် ကုမ္ပဏီအနေဖြင့်  အလုပ်သမားများ၏ စေတနာအလျောက် ကူညီဖေးမမှုများအပေါ် မှီခိုနေရလိမ့်မည်ဖြစ်ကြောင်း ကားထုတ်လုပ် သူမှ ပြောကြားခဲ့ပါသည်။

ယာယီအလုပ်သမားဌားရမ်းခြင်းစာချုပ် ၂၀၀၀ ခန့်ကို သက်တမ်းတိုးပေးမည် မဟုတ် ကြောင်း ပြီးခဲ့သောနှစ်ကပင် Porsche မှ ကြေငြာခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် လုပ်ငန်းခွင်၌ ဝန်ထမ်းများကို လျှော့ချရန် စီစဉ်ထားပြီဖြစ်ကြောင်း ထပ်မံပြောဆိုလာခဲ့ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့်  ခက်ခဲလာသော စီးပွားရေးအခြေအနေများကြောင့်သာ  ယင်းသို့ ဆောင် ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် လတ်တလောတွင် အနေအထား ကောင်းမွန်ဆဲဖြစ်ကြောင်း၊ လျှပ်စစ်ကား အသုံးပြုမှုကို မြှင့်တင်ရာတွင် နှောင့်နှေးနေခြင်းနှင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကဲ့သို့သော အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားနေရခြင်းသာ ဖြစ်ကြောင်း Mr. Andreas Haffner က ပြောကြားခဲ့ပါသည်။

ဂျာမန်စီးပွားရေးသည် အစဉ်အလာအားဖြင့် ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုကို အလေး ထားသည်ဖြစ်ရာ  ယခုအချိန်တွင် ဂျာမန်ထုတ်ကုန်များသည် ပြည်တွင်းသာမက ပြည်ပတွင်ပါ ဝယ်လိုအား ကျဆင်းလာခြင်းနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ဂျာမနီနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၌ သုံးသန်းနီးပါး အထိရောက် ရှိခဲ့ရာ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးကိန်းဂဏန်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

Source:         https://www.dw.com/en/germany-porsche-set-to-slash-jobs-by-2029/a-69581927

စီးပွားရေးသံမှူး၊ဘာလင်

Category: International News