International News

၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ဂျီဒီပီတိုးနှုန်း (၂.၅) ရာခိုင်နှုန်းရှိခဲ့

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် ဂျီဒီပီ (၃.၂) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဂျီဒီပီတိုးနှုန်းသည် (၂.၅) ရာခိုင်နှုန်းသာရှိသဖြင့် ဂျီဒီပီတိုးနှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။ ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ် ထက်တိုးလာခဲ့ ရာ (၂.၈) ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် တတိယ သုံးလပတ်အတွင်း (၃.၁) ရာခိုင်နှုန်းရှိခဲ့ပြီး စတုတ္ထသုံးလပတ်အတွင်း (၂.၃) ရာခိုင်နှုန်းရှိရာ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ဂျီဒီပီအစီရင်ခံစာအရ အမေရိကန်နိုင်ငံ၏စီးပွားရေးသည် မသေချာမှု များနှင့်ကြုံတွေ့လျက်ရှိကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ အဆိုပြုမူဝါဒများအရ တရားမဝင် နေထိုင်သူများကို မူရင်းနိုင်ငံသို့ပြန်ပို့မည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့် သွင်းကုန်ခွန် ကောက်ခံမည့်အလားအလာတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News