International News

အမေရိကန်၏ အကောက်ခွန်တိုးမြှင့်ကောက်ခံမှုကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ရန် တန်ပြန်ဆောင်ရွက်မည်

Last Updated:

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် (၁၀)ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce-MOC)က ၂-၂-၂၀၂၅ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO)ထံ တိုင်ကြားမည်ဖြစ်ပြီး ၎င်း၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသား ကာကွယ်ရန် သက်ဆိုင်ရာ တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း MOC ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အမေရိကန်၏ တစ်ဖက်သတ် အကောက်ခွန် တိုးမြှင့်စည်းကြပ်မှုသည် WTO စည်းမျဥ်း များကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ကြောင်းနှင့် ယင်းလုပ်ရပ်သည် ပြဿနာများကို မဖြေ ရှင်းနိုင်ရုံသာမက နှစ်နိုင်ငံအကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေနိုင်သည်ကို သတိပြုသင့်ကြောင်း  အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အခြားနိုင်ငံများကို ခြိမ်းခြောက်ရန် အကောက်ခွန်တိုးမြှင့်ခြင်းများကို မကြာခဏအသုံးပြု ခြင်းထက် ပြဿနာများကို ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်တုံတရားဖြင့် ရှုမြင်သုံးသပ်ရန်နှင့် ဖြေရှင်းရန် တရုတ်က အမေရိကန်ကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရှိရ ပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ယခုလုပ်ရပ်များကို ပြုပြင်ရန်၊ တရုတ်နှင့် တူညီသောလားရာ ဆီသို့ ဦးတည်သွားရန်၊ ပြဿနာများကို တိုက်ရိုက်ရင်ဆိုင်ရန်၊ ပွင့်လင်းစွာ ပြောဆိုဆွေးနွေးရန်၊ တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးရှိမှုနှင့် လေးစားမှုတို့ကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှု ကို အားကောင်းလာစေရန်နှင့် မတူကွဲပြားမှုများကို စီမံခန့်ခွဲရန် တရုတ်နိုင်ငံက အမေရိကန်ကို တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20250202/a9ed3783d2cf41288a298929a39b7e96/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News