အမေရိကန်မှ တရုတ်၊ ကနေဒါနှင့် မက္ကစီကိုနိုင်ငံများအပေါ် အခွန်ကောက်ခံခြင်းကြောင့် ဟောင်ကောင်ဒေသ၏ အတိုးနှုန်းထားမှာ အချိန်တစ်ခုအထိ မြင့်နေမည်ဖြစ်သည်ဟု ဟောင်ကောင် ဒေသ၊ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Paul Chan က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် “HK will share US pain following tariffs move: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဖေဖော်ဝါရီလ ၂ ရက်တွင် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်သွင်းကုန်များအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် ကနေဒါနှင့် မက္ကစီကိုနိုင်ငံများအတွက် အကောက်ခွန် ၂၅ ရာခိုင် နှုန်း ချမှတ်သည့် အမိန့်ကို သမ္မတဒေါ်နယ်ထရမ့်မှ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သွင်းကုန်များ အပေါ် အခွန်ကောက်ခံခြင်းကြောင့် အမေရိကန်စားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားရ မည်ဖြစ်သော်လည်း ထိုကဲ့သို့ ငွေကြေးဖောင်းပွမှုဖိအားမှာ ဟောင်ကောင်ဒေသသို့ သက်ရောက်နိုင် သည်ဟု ဘဏ္ဍာရေးဝန်ကြီး က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေပါက ဟောင်ကောင်ဒေသ သို့လည်း အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း၊ ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို ချိတ်ဆက်ထားခြင်းကြောင့် အမေရိကန်၏ အတိုးနှုန်းများ မြင့်တက်နေပါက ဟောင်ကောင်ဒေသ၏ အတိုးနှုန်းများမှာလည်း မြင့်တက်နေမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးပတ်ဝန်းကျင်အပေါ် ဖိအားဖြစ်ပေါ်မည်ဖြစ်ပြီး ပိုင်ဆိုင်မှုဈေးကွက်များအပေါ် အတိုင်းအတာ တစ်ခုအထိ အဟန့်အတားဖြစ်နေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအစိုးရအနေဖြင့် သမ္မတ ထရမ့်မှ ချမှတ်ဖွယ်ရှိသည့် မူဝါဒများအတွက် ရင်ဆိုင်ဖြေရှင်းမည့် အစီအစဉ်များ လုပ်ဆောင်ထား သည်ဟု ပြောကြားကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။