တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံနှင့်ဒေသပေါင်း ၁၆၀ ကျော်သို့ ပို့ကုန်တင်ပို့ခဲ့ပြီး တိုးတက်မှုများရရှိခဲ့သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့(GACC)၏ ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရပါသည်။
အဆိုပါ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယခင်နှစ်ကာလတူထက် ၇.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယွမ် ၂၅.၄၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၅၅ ထရီလီယံခန့်) သို့ ရောက် ရှိခဲ့ကြောင်း သိရှိရပါသည်။
ဘရာဇီး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ၂၃.၃ ရာခိုင်နှုန်း၊ ၁၉.၂ ရာခိုင်နှုန်းနှင့် ၁၈.၂ ရာခိုင်နှုန်း အသီးသီး တိုးတက် ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများသို့ ပို့ကုန် တင်ပို့မှု ၁၃.၄ ရာခိုင်နှုန်းနှင့် ၉.၆ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ရိုးရာ ဈေးကွက်များသို့ တင်ပို့မှုမှာ ၄.၃ ရာခိုင်နှုန်းနှင့် ၆.၁ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
အကောက်အခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အရာရှိတစ်ဦးဖြစ်သူ Lyu Daliang က မရေရာမှုများနှင့် စိန်ခေါ်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ၏ ပို့ကုန်များသည် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မှုနှင့် လက်ရှိချမှတ်ထားသည့် မူဝါဒပံ့ပိုးပေးမှုများအရ ဆက်လက်တိုးတက် မည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: http://en.people.cn/n3/2025/0201/c90000-20271899.html
စီးပွားရေးသံမှူး ၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။