ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပလပ်ပေါက်ထိုး နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား ထုတ် လုပ်သူများကို အထောက်အကူပြုနိုင်ရန်အတွက် အခွန်သတ်မှတ်ချက်များကို ချိန်ညှိပြင်ဆင်သွားနိုင် ရေး အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယစ်မျိုးအခွန်ဦးစီးဌာနက အားသွင်းကြိမ်တစ်ခု၏ လျှပ်စစ်အပိုင်းအခြား (Electric Range-ER) အပါအဝင် အဓိက ထည့်သွင်းစဉ်းစားချက်များနှင့်အတူ အခွန်ဆိုင်ရာသတ်မှတ်ချက်များကို ပြင်ဆင် လျက်ရှိကြောင်း၊ လက်ရှိလိုအပ်ချက်သည် အားသွင်းကြိမ်တစ်ကြိမ်တွင် ၈၀ ကီလိုမီတာ သို့မဟုတ် အထက် ဖြစ်ကြောင်း၊ အခြားသော အဓိကအခြေအနေမှာ လက်ရှိတွင် ၄၅ လီတာ သတ်မှတ်ထား သော လောင်စာတိုင်ကီစွမ်းဆောင်ရည်ဖြစ်ကြောင်း၊ ယင်းအခြေအနေရှိသော မော်တော်ယာဉ်များ အတွက် အခွန်နှုန်းထားကို ၅ ရာခိုင်နှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ER သည် ၈၀ ကီလိုမီတာ အောက်လျော့နည်းပြီး လောင်စာတိုင်ကီစွမ်းဆောင်ရည်သည် ၄၅ လီတာထက်ပိုပါက အခွန်နှုန်းထား သည် ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။
ပြန်လည်ပြင်ဆင်သတ်မှတ်ချက်များသည် ပလပ်ပေါက်ထိုး နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများအတွက် အခွန်အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် PHEV အမျိုး အစားအချို့သည် ကိုယ်ထည်ကြီးသဖြင့် လောင်စာတိုင်ကီစွမ်းဆောင်ရည်သည် ၄၅ လီတာထက်များ သော်လည်း အခွန်နှုန်းထားမှာ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပြုထားသော ချိန်ညှိချက်များသည် အစိုးရ၏ လျှပ်စစ်မော်တော်ကားမြှင့်တင်မည့် မူဝါဒနှင့်ကိုက်ညီပြီး PHEV များသည် ရုပ်ကြွင်းလောင် စာများနှင့် လျှပ်စစ်စွမ်းအားဖြင့်ပါ လည်ပတ်နိုင်မည်ဖြစ်သဖြင့် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင် မော် တော်ကားများမှ လျှပ်စစ်မော်တော်ကားများသို့ အသွင်းကူးပြောင်းခြင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ ဘတ္တရီလျှပ်စစ်မော်တော်ကား ဂေဟစနစ်သည် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် နိုင်ငံအဝှမ်း အားသွင်းရုံအရေအတွက်သည်လည်း မလုံလောက်သေးပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လတွင် လျှပ်စစ်မော်တော်ကား ဘုတ်အဖွဲ့က နှစ်မျိုးသုံးလျှပ်စစ်မော်တော်ကား (Hybrid Electric Vehicle-HEV) အတွက် လက်ရှိအခွန်နှုန်းထားမှ လျှော့ချသည့် အခွန်နှုန်းထား ပြန်လည်ပြင်ဆင်မှုကို ခွင့်ပြုခဲ့ပါကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၁ ကီလိုမီတာလျှင် ၁၂၀ ဂရမ်ထက်မပိုသော မော်တာ်ကားများအတွက် အခွန်ပုံစံအသစ်ကို ၂၀၂၆-၂၀၃၂ အထိ ၇ နှစ်ကြာ အခွန်နှုန်းထားပုံသေ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ၁၀၀ ကီလိုဂရမ်ထက်ပိုမိုထုတ်လွှတ်သည့် မော်တော်ကားများ အတွက် ၆ ရာခိုင်နှုန်းနှင့် ၁၀၁ ဂရမ်မှ ၁၂၀ ဂရမ်ကြား မော်တော်ကားများအတွက် ၉ ရာခိုင်နှုန်း သတ် မှတ်ထားကြောင်း သိရှိရပါသည်။
အဆိုပါ အစီအစဉ်တွင် အကျုံးဝင်နိုင်ရေးအတွက် မော်တော်ကားထုတ်လုပ်သူများသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အကြားတွင် ထိုင်းနိုင်ငံ၌ ဘတ် ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ပြင်ဆင်ချက်သည် HEV အတွက် ၂ နှစ်လျှင်၁ ကြိမ် အခွန်တိုးမြှင့်သွားမည့်ပုံစံမှ လျှော့ချထား သည့် ပုံစံဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၁ ကီလိုမီတာလျှင် ၁၀၀ ဂရမ်ရှိသော HEV အတွက် အခွန်သည် ၂၀၂၆ ခုနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၂၀၂၈ ခုနှစ်တွင် ၈ ရာခိုင်နှုန်းနှင့် ၂၀၃၀ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း စသည်ဖြင့် ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။