အရည်အသွေးနိမ့်ပြီး မကိုက်ညီသော ကုန်ပစ္စည်းများကို e-commerce ပလက်ဖောင်းမှ ဖယ်ရှားသွားနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း ၁၆ ခုတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
“Notice and Takedown” မူဝါဒအရ အရည်အသွေးမမီကြောင်း သတ်မှတ်ထားသည့် မည် သည့် ထုတ်ကုန်ကိုမဆို ချက်ချင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းဈေးကွက်နေရာများရှိ အရည်အသွေးနိမ့်ပစ္စည်းများကို သုံးစွဲခြင်းမှ ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း ကုန်ပစ္စည်းများကို စောင့်ကြည့်ခြင်း၊ တရားမဝင်ငွေလွှဲပြောင်းမှုဆိုင်ရာများကို ရှောင် ရှားရမည့် အသိပညာပေးခြင်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အကာအကွယ် ပေးခြင်းဖြင့် e-commerce တွင် ယုံကြည်မှု တည်ဆောက်ခြင်းတို့ဖြစ်ကြောင်း၊ ဆောင်ရွက်မှုများတွင် စားသုံးသူများနှင့် အွန်လိုင်းရောင်းချသူများကို လုံခြုံစိတ်ချရသော ကုန်စည်များ ရောင်းခြင်းဝယ်ခြင်းကို အသိပေးရန် ပြည်သူလူထုသို့ ဆက်သွယ်နိုင်သည့် ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်ပါကြောင်း၊ အရည်အသွေးနိမ့်သော ကုန်စည်များကို စောင့်ကြည့်ရန် အတွက် လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ မူဘောင်တစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး H.E Mr. Picahi Naripthaphan က ပြောကြားခဲ့သည်။
စံနှုန်းများနှင့် မကိုက်ညီသော ကုန်ပစ္စည်းများကို ပလက်ဖောင်းမှ ဖယ်ရှားမည်ဖြစ်ပြီး ရောင်း ချခွင့်ကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွင် အစိုးရအဖွဲ့အစည်းများနှင့် အွန်လိုင်းပလက်ဖောင်းများဖြစ်သော BigxShow၊ Lazada၊ Line Shopping၊ Nex Gen Commerce၊ NocNoc၊ Shopee၊ Temu နှင့် TikTok Shop တို့ပါဝင်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင် ဘာလအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ Thai Industrial Standards Institute (TISI)၊ စားသုံးသူအကာအကွယ်ပေးရေးဘုတ်အဖွဲ့ နှင့် အကောက်ခွန်ဦးစီးဌာနတို့က အစား အစာ လုံခြုံစိတ်ချရမှုနှင့် သွေဖီသော ကိစ္စရပ် ၁၆,၆၅၁ ခုအပေါ် အရေးယူဆောင်ရွက်ခဲ့ပြီး ဘတ် ၉၈၄ သန်းတန်ဖိုးကို ဖျက်ဆီးခဲ့ကြောင်း၊ ပိုမိုတင်းကျပ်သော အစီအမံများကြောင့် အွန်လိုင်းပလက်ဖောင်းမှ နိုင်ငံခြားပစ္စည်းများ ရောင်းချရမှုသည် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းဝန်ကြီးက ဖြည့်စွက်ပြောကြား ခဲ့သည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။