International News

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ မွေးမြူရေးထွက်ကုန်တင်ပို့မှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ မွေးမြူရေးထွက်ကုန် တင်ပို့မှ ဘတ် ၃၂၀ ဘီလီယံ ရရှိခဲ့သဖြင့် ၁၁ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ရာ မှတ်တမ်းတင်နိုင်သည့် ပမာဏထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အဓိက အရည်အသွေးထိန်းချုပ်မှုနှင့် စိတ်ချယုံကြည်ရမှု စံနှုန်းများတွင် တိုးတက်မှုများ ရှိခဲ့ သောကြောင့် ဖြစ်ကြောင်း၊ ယင်းအစီအမံများမှာ Good Hygiene Practices နှင့် Hazard Analysis and Critical Control Point (HACCP) တို့ ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ဆက်စပ်သော ထုတ်ကုန်များအနက် အေးခဲသားတင်ပို့ခဲ့မှုသည် အမြင့်ဆုံးတိုးတက်မှုရှိခဲ့ပြီး ဘတ် ၁၆၀ ဘီလီယံပိုမိုခဲ့သဖြင့် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သော ဂျပန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ခဲ့သော ကြက်အေးခဲသားတင်ပို့ခဲ့မှုသည် ဆက်လက်ကောင်းမွန် နေဆဲဖြစ်ကြောင်း၊ တိရစ္ဆာန်အစာတင်ပို့မှုသည် ဘတ် ၁၀၀ ဘီလီယံ ပိုမိုရရှိခဲ့ပြီး ဒုတိယအများဆုံး ပို့ကုန် ဖြစ်ခဲ့ပါကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Mr. Anukool Pruksanusak က ပြောကြား ခဲ့သည်။

အိမ်မွေးတိရစ္ဆာန်ပို့ကုန်သည် ၂၆.၇၆ ရာခိုင်နှုန်းဖြင့် ခိုင်မာသော တိုးတက်မှုရှိခဲ့ပြီး ၂၀၂၅ ခုနှစ် တွင်လည်း ဆက်လက်မြင့်တက်နေမည်မှု ဖော်ပြလျက်ရှိပါကြောင်း၊ အခြားသော မွေးမြူရေး ဆက်စပ် ထုတ်ကုန်များဖြစ်သည့် နို့ထွက်ပစ္စည်းများနှင့် မွေးမြူရေးအစာတို့ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်လည်း မွေးမြူရေး ပို့ကုန်များသည် ဆက်လက်တိုးတက်နေမည်ဟု အစိုးရအနေဖြင့် ယုံကြည်ထားပါကြောင်း၊ လက်ရှိ ဈေးကွက်များကို ထိန်းထားနေစဉ်အတွင်း ဈေးကွက်အသစ်များကိုလည်း ရှာဖွေလျက်ရှိပါ ကြောင်း Mr. Anukool က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News