Announcements

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Last Updated:

၁။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ရုံးသစ်အဆောက်အဦရှေ့မျက်နှာစာတွင် (အလျား ၁၀၀ပေ x အမြင့် ၅၂ပေ) RC ဘေးချုပ်တန်းပါ ကျောက်ကြီးစီ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် စိတ်ပါ ဝင်စားသူများ အိတ်ဖွင့်တင်ဒါပေးသွင်းနိုင်ပါရန် ဖိတ်ခေါ် အပ်ပါသည်။

စဉ်

လုပ်ငန်း

သတ်မှတ်စံချိန်စံညွှန်း

(က)

တည်ဆောက်ရေး

(အလျား ၁၀၀ပေ x အမြင့် ၅၂ပေ) RC ဘေးချုပ်တန်းပါ ကျောက်ကြီးစီ မြေထိန်း နံရံ တည်ဆောက်ခြင်းလုပ်ငန်း

( )

တင်ဒါပုံစံရောင်းချမည့်ရက်နှင့်

အချိန်

(၁.၄.၂၀၂၂)ရက်နေ့မှ (၂၉.၄.၂၀၂၂) ရက်နေ့ အထိ (ရုံးချိန်အတွင်း)

( )

တင်ဒါဖွင့်မည့် အချိန်

သီးခြား ထပ်မံအကြောင်းကြားပါမည်။

(ဃ)

တင်ဒါဖွင့်မည့် နေရာ

ရုံးအမှတ်( ၃ )၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန

၂။အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ကြော်ငြာကပ်သည့်ရက်မှစ၍ အောက်ဖော်ပြပါဌာနတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည်-

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ရုံးအမှတ်(၃) နေပြည်တော် 

ဖုန်း(၀၆၇-၃၄၀၈၆၁၂) (၀၆၇-၃၄၀၈၆၂၈)

Category: Announcements