International News

ဂျာမနီနိုင်ငံ၏ကုန်သွယ်စီးပွားအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် Federal Statistical Office (Destatis) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အီးယူပြင်ပနိုင်ငံများသို့တင်ပို့မှုသည် ယူရို (၆၁.၂)ဘီလီယံရှိခဲ့ပြီး စက်တင်ဘာလထက် (၁.၆)ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ၂၀၂၁ ခုနှစ် ကာလတူထက် (၁၅.၃)ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါသည်။ စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်သူဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် (၃၄.၅)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာ လ ထက် (၄.၂) ရာခိုင်နှုန်းကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ခရီးသွားတည်းခိုမှုများနှင့် စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေကိုလေ့လာကြည့်လျှင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဩဂုတ်လထက် (၀.၉) ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး ၂၀၂၁ခုနှစ်ကာလတူထက် (၁၄.၄) ရာခိုင်နှုန်းတိုးတက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှဇူလိုင်လအတွင်း အီးယူဒေသနိုင်ငံများက ရုရှားနိုင်ငံမှ သွင်းကုန် တင်သွင်းမှုများသည် ယူရို(၁၃၇.၈)ဘီလီယံရှိခဲ့ပြီး အီးယူဒေသစုစုပေါင်း တင်သွင်းမှု၏ (၃.၄) ရာခိုင်နှုန်းရှိခဲ့ပါသည်။ အီးယူနိုင်ငံများအလိုက်တင်သွင်းမှုတွင် ဘူဂေးရီးယားနိုင်ငံက (၁၁.၅) ရာခိုင်နှုန်းဖြင့် အများဆုံးတင်သွင်းခဲ့ပြီး ဂျာမနီနိုင်ငံ၏ တင်သွင်းမှုက (၂.၆)ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ တင်သွင်းမှုများကို Bayern ပြည်နယ်(၂၂ ရာခိုင်နှုန်း)နှင့် Brandenburg ပြည်နယ်(၁၄ ရာခိုင်နှုန်း)တို့က အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Press/2022/11/

 

Category: International News