Local News

စမုံနှမ်းနက်အမြင့်ဆုံးဈေးဖြင့်အရောင်းအဝယ်ဖြစ်နေ

Last Updated:

စမုံနှမ်းနက်အမြင့်ဆုံးဈေးဖြင့်အရောင်းအဝယ်ဖြစ်နေ

ဇွန်လ နောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ ကျောက်ဆည်၊ မြစ်သား၊ သဲတော၊ ဝမ်းတွင်းနှင့် စစ်ကိုင်းနှင့်မကွေးဘက်မှ နှမ်းအသစ်များ ဝင်ရောက်လျှက်ရှိပြီး 

မကွေးမှ ဝင်ရောက်သည့် စမုံနှမ်းနက်မှာ ဈေးအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်နေပြီးတရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိနေကြောင်းသိရသည်။

၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင်

နှမ်းနက်(စမုံ) (အသစ်) ယခုတစ်ပတ်တွင်ကျပ် ၂၂၅၀၀၀မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၂၀၀၀၀မှ ၂၃၅၀၀၀၊ ယခင်လကျပ် ၂၂၅၀၀၀မှ ၂၃၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်၊ယခင်လထက် ကျပ်၅၀၀၀ဈေးမြင့်လာသည်။

နှမ်းနက်(စမုံ) (ဟောင်း) ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင်ကျပ် ၁၇၀၀၀၀ မှ ၁၈၅၀၀၀၊ယခင်လကျပ် ၁၈၀၀၀၀မှ ၂၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်ကျပ် ၁၀၀၀၀မှ ၁၅၀၀၀ဈေးနိမ့်လာသည်။

နှမ်းနက်(ဆောင်း) မှာ ၁၄၅၀၀၀ ဖြင့် ယခင်လဈေးအတိုင်းငြိမ်နေသည်။

အခြားနှမ်း သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ

နှမ်းဖြူ ယခုတစ်ပတ် ကျပ် ၂၀၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၅၀၀၀မှ ၂၀၃၀၀၀၊ ယခင်လကျပ် ၁၅၅၀၀၀မှ ၁၆၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀မှ  ၁၀၀၀၀၊ ယခင်လထက်ကျပ် ၄၀၀၀၀မှ ၅၀၀၀၀ မြင့်တက်လာသည်။

နှမ်းညို  ယခုတစ်ပတ် ကျပ် ၁၄၅၀၀၀မှ  ၁၅၀၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၁၅၈၀၀၀မှ ၁၆၀၀၀၀၊ ယခင်လကျပ် ၁၅၂၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၁၅၀၀၊ ယခင်လထက်ကျပ် ၂၀၀၀မှ ၇၀၀၀ နိမ့်ကျလာသည်။

ပန်းနှမ်း ယခုတစ်ပတ် ကျပ် ၁၁၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၁၅၀၀၀၊ ယခင်လကျပ် ၁၁၂၀၀၀မှ ၁၁၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်၊ယခင်လထက်ကျပ် ၃၀၀၀ ဈေးနိမ့်လာသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News