International News

တရုတ်နိုင်ငံ၏ ဖာလာစျေးကွက် အခြေအနေ လေ့လာချက်

Last Updated:

၁။ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ဖာလာပင်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းတုံပြည်နယ်ရှိ ကောင်းကျိုးမြို့၊ ရှင့်ယိမြို့၊ ကွမ်းနင်းမြို့၊ ဖုန်းခိုင်းမြို့၊ ရှင်းရှင့်မြို့၊ ယွမ်ဖူမြို့၊ ရွှင့်ဖုန်းမြို့နှင့် ဖိုကန်မြို့၊ ယူနန်ပြည်နယ် ရှီးရွှမ်းပန်န( တိုင်) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲရှိ မုံ့လားခရိုင်၊ ကျင်ဟုန်မြို့၊ မာကွမ်းမြို့၊ လုရှီးမြို့၊ ရွှေလီမြို့၊ ကွမ်းရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆိပ်ကမ်းမြို့ ဖြစ်သည့် ဖန်းချန်ကန်မြို့၊ ူမင်မြို့၊ လုံအန်းမြို့၊ ပိုင်စဲမြို့၊ ဖူစွေမြို့၊ နင်မင်မြို့၊ လင်ရှန်းမြို့နှင့် ချဉ်ကျိုးမြို့၊ ဖူကျန့်ပြည်နယ်ရှိ ချန်ထိုက်မြို့၊ ထုံအန်းမြို့နှင့် ယုံချွမ်းမြို့၊ စီချွမ်ပြည်နယ်ရှိ ဟယ်ကျန်းမြို့၊ ချင်းရှန်မြို့၊ ယိပင်းမြို့များတွင် စိုက်ပျိုးကြပါသည်။ ယူနန်ပြည်နယ် ရှီးရွှမ်းပန်န (တိုင်) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲတွင် ဖာလာကို အများဆုံး  စိုက်ပျိုးကြသည်။

ယူနန်ပြည်နယ်ဖာလာစိုက်ပျိုးမှုအခြေအနေ

ထွက်ရှိသည့်ဒေသများ

မြေအကျယ်အ၀န်း / hm2

ဖူအယ်မြို့

ကျန်းချန်ခရိုင်

၅၈၃.၀၀

လန်ချန်းခရိုင်

၃၉၇.၀၀

မုန့်လန်ခရိုင်

၃၂၄.၀၀

ရှီးမုန့်ခရိုင်

၄၂၉.၀၀

ရှီးရွမ်းပန်န(တိုင်) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ

ကျင်ဟုန်မြို့

၁၀၆၈.၀၀

မုံလားခရိုင်

၇၅၄၃.၀၀

မုံဟိုင်ခရိုင်

၆၉.၀၀

ဝမ်ရှန်း(မြောင်) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ

မာကွမ်းခရိုင်

၆၆၆.၆၇

ဟုန်ဟယ်(ယိ) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ

ကျင်ဖန်ခရိုင်

၃၆၆.၆၇

၂။ ပြည်တွင်းသုံးစွဲမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ

စျေးကွက်

အမျိုးအစား

စျေးနှုန်း (ယွမ်)/ကီလိုဂရမ်

ယူနန်ပြည်နယ် ၀မ်ရှန်းမြို့

ဖာလာ

၂၄၀

ယူနန်ပြည်နယ်ရှီးရွှမ်းပန်န(တိုင်) ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ

ဖာလာ

၃၀၀

ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ယုလင်မြို့

ဖာလာ

၂၆၀-၂၈၀

၃။ တင်သွင်း/တင်ပို့မှုအခြေအနေ

          တရုတ်နိုင်ငံသို့ ဖာလာတင်သွင်းသည့်နိုင်ငံများမှာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံမျာဖြစ်ကြပါသည်။ တင်သွင်းသည့် ပမာဏမှာ တန်ချိန် ၄၀-၅၀ ခန့်ရှိပြီး စျေးနှုန်းမှာ အလုံးစျေးနှုန်း ၄၃ ယွမ်/ကီလိုဂရမ် ၊ အရှည်စျေးနှုန်း ၄၃ ယွမ်/ကီလိုဂရမ် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အရည်အသွေးမြှင့် ဖာလာစေ့များကို ဥရောပနှင့် အမေရိကတိုက်သို့ တင်ပို့ရောင်းချသည်။ တင်ပို့သည့် မမာဏမှာ တန်ချိန် ၄၀၀-၅၀၀ ခန့်ရှိပါသည်။

၄။ ဖာလာအရည်အသွေးဆိုင်ရာ လေ့လာတွေ့ရှိချက်

          ဖာလာစေ့ကို အလုံးနှင့် အရှည်ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားသည်။ တရုတ်နိုင်ငံ၏ ဖာလာစေ့များသည် အာဆီယံနိုင်ငံများ၏ ဖာလာစေ့များထက် အရည်အသွေး ပိုမို ကောင်းမွန်ပါမည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ဖာလာစျေးနှုန်းသည် ပြည်ပတွင် ၀ယ်ယူသည့် စျေးနှုန်းထက် ပိုများသည်။ တရုတ်နိုင်ငံတွင် ဖာလာစေ့များကို တိုင်းရင်းဆေးဖော်စပ်ရာနှင့် ဟင်းခတ်အမွှေးအကြိုင်များတွင် အများဆုံး အသုံးပြုကြသည်။

၅။ ခြုံငုံသုံးသပ်ချက်

          တရုတ်နိုင်ငံ၏ ဖာလာစိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ စျေးကွက်၊ စျေးနှုန်းနှင့် တင်ပို့/ တင်သွင်းမှု အခြေအနေများကို တရုတ် website များမှ ရှာဖွေတွေ့ရှိသော    Data အထောက်အထားများအရ အောက်ပါအတိုင်း သုံးသပ်ရရှိပါသည်-

          (က) ဖာလာကို တိုင်းရင်းဆေးနှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာ အသုံးပြုပါသည်။

          (ခ) တရုတ်ဖာလာသည် မြန်မာဖာလာထက် အရည်အသွေးကောင်းသောကြောင့် ဆေးဝါး

               ကုန်ကြမ်းအဖြစ်သာ အသုံးပြုပါသည်။

          (ဂ) မြန်မာဖာလာစျေးနှုန်းသည် တရုတ်ဖာလာစျေးနှုန်း၏ သုံးပုံတစ်ပုံပင် မရှိသဖြင့် စျေး

               ကွက်သဘောအရ စီးဆင်းခြင်းဖြစ်ပါသည်။

(ဃ) တရုတ်နိုင်ငံ AQSIQ မှ ဖာလာတရားဝင်တင်သွင်းခွင့် ခွင့်ပြုထားသော နိုင်ငံမရှိ    

       ကြောင်း တွေ့ရှိရပါသည်။

(င) တရုတ်နိုင်ငံ ဖာလာစိုက်ပျိုးထုတ်လုပ်ရာဒေသများတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသော

     ဒေသများ ပါဝင်သောကြောင့် တရား၀င်တင်သွင်းမှု မပြုနိုင်သော်လည်း နယ်စပ်ဖြတ်

     ကျော်ကာ ဒေသထွက်အဖြစ် ပြောင်းလဲစီးဆင်းသည့်အခြေအနေရှိကြောင်း တွေ့ရှိရပါ

     သည်။

(စ) AQSIQ Listed မဖြစ်မှီ ယူနန်ပြည်နယ်ရှိ ဒေသဆိုင်ရာ အစိုးရ အကူအညီဖြင့် ဖာလာ

    စျေးကွက်မှ အထင်ကရ ကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်ရောင်းချခြင်းဖြင့်   

  စျေးနှုန်း ပိုမိုရရှိနိုင်ပြီး၊ Listed   ဖြစ်ပါက တရုတ်ပြည် အတွင်းပိုင်းသို့ ထိုးဖောက်    

  စျေးကွက်ရှာနိုင်မည် ဖြစ်ပါသည်။

(ဆ) မြန်မာ့ဖာလာကို ဖာလာစျေးကွက်ရှိသည့် ဥရောပ၊ ဂျပန်၊ ကိုရီးယား စျေးကွက်

      များသို့လည်း စျေးကွက်တိုးချဲ့ ရှာဖွေသင့်ပါကြောင်း သုံးသပ်ရရှိပါသည်။

သက်လွင်ဦး

မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး

  နန်နင်းမြို့

                  

Category: International News