ဈေးကွက်ဈေးနှုန်း

ပဲအချို့စျေးအနည်းငယ်တက်

Last Updated:

ပဲအချို့စျေးအနည်းငယ်တက်

၃၀.၃.၂၀၂၂

          မကွေးတိုင်းဒေသကြီး ယခုတစ်ပတ်အတွင်း ပဲမျိုးစုံစျေးကွက်တွင် ပဲအချို့စျေးအနည်းငယ် မြင့်တက်လာကာ ပဲအဝင်အနေဖြင့် မရှိသလောက်နည်းပါးနေပြီး လက်ကျန်လှောင်ပဲများသာ ဝယ်လိုအားရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စျေးအနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။ အရည်အသွေးနဲ့ ဝယ်လိုအားပေါ်မူတည်ပြီးလည်း စျေးကောင်းရနေတယ်လို့ သိရှိရပါတယ်။

      ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်တစ်ပတ်(၄၄ဝဝဝ)ကျပ်စျေးဖြစ်ပြီး ယခုတစ်ပတ်(၄၅ဝဝဝ) ကျပ်စျေးဖြစ်တဲ့အတွက် (၁ဝဝဝ)ကျပ်၊ ပဲတီစိမ်း(၁)တင်းလျှင် ယခင်တစ်ပတ် (၄၂ဝဝဝ)ကျပ်စျေး ဖြစ်ပြီး ယခုတစ်ပတ်(၄၄ဝဝဝ)ကျပ် စျေးဖြစ် တဲ့အတွက်(၂ဝဝဝ)ကျပ်၊ မတ်ပဲ(၁)တင်းလျှင် ယခင်တစ်ပတ်(၄၆၅ဝဝ)ကျပ်စျေးဖြစ်ပြီး ယခုတစ်ပတ် (၄၇ဝဝဝ)စျေး ဖြစ်တဲ့အတွက် (၅ဝဝ)ကျပ်၊ ကုလားပဲ(မြကြေး)(၁)တင်းလျှင် ယခင်တစ်ပတ် (၄၅ဝဝဝ)ကျပ်စျေးဖြစ်ပြီး ယခုတစ်ပတ် (၄၅၅ဝဝ)ကျပ်စျေး ဖြစ်တဲ့အတွက်(၅ဝဝ)ကျပ်၊ ပဲကြီး(၁)တင်းလျှင် ယခင်တစ်ပတ် (၅၈ဝဝဝ)ကျပ်‌စျေးဖြစ်ပြီး ယခု တစ်ပတ်(၆၁ဝဝဝ)ကျပ်စျေး ဖြစ်တဲ့အတွက်(၃ဝဝဝ)ကျပ်၊ စွန်တာ(ကျွန်း)(၁)တင်းလျှင် ယခင် တစ်ပတ်(၃၉၈ဝဝ)ကျပ် စျေးဖြစ်ပြီး ယခုတစ်ပတ်(၄၁၄ဝဝ) ကျပ်စျေးဖြစ်တဲ့အတွက် (၁၆ဝဝ)ကျပ်၊ ထောဖြူ(ကျွန်း)(၁)တင်းလျှင် ယခင် တစ်ပတ်(၄၀၅ဝဝ)ကျပ်၊ ယခုတစ်ပတ်(၄၂ဝဝဝ)ကျပ်စျေး ဖြစ်တဲ့အတွက်(၁၅ဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရှိရပါသည်။