ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၂၁-၁-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၁-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် (၁၄--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဂွနက်(ရိုးရိုး)(၅၀၀၀/-)၊ နှမ်းဖြူ (၃၀၀၀/-)(၂၀၀၀/-)၊ နှမ်းဖြူ-ရေသွင်း(၂၀၀၀/-)စျေးတက်ကာ၊ နှမ်းနက်(စမုံ)(၅၀၀၀/-)စျေးကျပြီး နှမ်းနီ၊ နှမ်းညိုကြား စျေးများအပြောင်းအလဲ မရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၂၅၀ မှ ၂၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၁၄--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၀၀/-)၊ပဲနောက် သေး (၁၀၀၀/-)၊ ပဲလွန်ဝါသေး(၁၀၀၀/-)၊  ပဲစဉ်းငုံ (သစ်) (၁၀၀/-)ကျပ် စျေးတက်၍ ကုလားပဲ(929) (၇၀၀/- )၊    ကုလားပဲ(HL )(၇၀၀/- )၊     ကုလားပဲသေး(၁၀၀၀/- )၊    မတ်ပဲ (၁၀၀၀/-)၊ ကျပ် စျေး ကျကာ ကျန်ပဲမျိုး စုံ စျေး များ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ် လျက် ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််     ယခင် ( ၁၄--၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)(၂၅/-)ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၄..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရဆန်အနေဖြင့် (၁၄.၁.၂၀၂၀) ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၇၀၀၀/) ၊ပေါ်ဆန်းမွှေးဖျာပုံ(၅၅၀၀/)ကျပ်စျေးတက်ပြီး ပေါ်ဆန် မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၁၄--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံ နက်ရှယ် (၂၀၀၀/-)၊    နှမ်းစမုံပုံမှန် (၁၀၀၀/-)၊ နှမ်းဂွနက်  (၆၀၀၀/-) ၊ ပဲစဉ်းငုံ 2020  (၆၀၀/-)၊ ကုလားပဲ(HL) (၅၀၀/-) ကျပ်    စျေးကျပြီး ကျန်ပဲမျိုးစုံနှင့်နှမ်း စျေးများအပြောင်းအလဲ   မရှိဘဲ နှမ်းမျိုးစုံ (၂၅၀) အိတ်၊ ပဲမျိုးစုံ (၂၅၀) အိတ် နှင့်စီပီပြောင်း(၅၀)အိတ်  အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

ပဲမျိုးစုံ/ဆီ

                          ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၄--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက    မတ်ပဲ (၄၀၀၀/-)၊ ကုလားပဲ(929) (၂၀၀၀/-) ၊ ကုလားပဲ(V2) (၁၀၀၀/-) ကျပ်စျေးကျကာ ပြောင်းဖူးစေ့ (CP) (၃၀၀/-)ကျပ် စျေး တက် ၍ ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။