ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၂၂-၁-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၂-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် (၁၅--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅၀၀၀/-) ဂွနက် (ရိုးရိုး)(၅၀၀၀/-)ကျပ်စျေးကျပြီး နှမ်းနီ၊ နှမ်းညိုကြား စျေးများအပြောင်းအလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၂၀၀ မှ ၂၁၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၁၅--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး( ၂၀၀၀/- )   ၊ ကုလားပဲ(HL )(၂၀၀/- )၊  ပဲစဉ်းငုံ (သစ်) (၃၀၀/-) စားတော်ပဲ(၅၀၀/-)ကျပ် စျေးတက်၍ ကုလားပဲ (929) (၅၀၀/- )၊    ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲ မရှိဘဲအရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််     ယခင် ( ၁၅--၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၅..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရဆန်အနေဖြင့် (၁၅.၁.၂၀၂၀) ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၇၀၀၀/) ၊ပေါ်ဆန်းမွှေးဖျာပုံ(၅၅၀၀/)ကျပ်စျေးတက်ပြီး ပေါ်ဆန် မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၁၅--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံ နက်ရှယ် (၁၀၀၀/-)ကျပ် စျေးတက်ကာ    နှမ်းစမုံပုံမှန် (၁၀၀၀/-) ၊ ပဲစဉ်းငုံ 2020  ( ၅၀၀/- ) ၊ ပဲတီစိမ်းသေး(၅၀၀/-) ကျပ်    စျေးကျပြီး ကျန်ပဲမျိုးစုံနှင့်နှမ်း စျေးများအပြောင်းအလဲ   မရှိဘဲ နှမ်းမျိုးစုံ (၂၅၀) အိတ်၊ ပဲမျိုးစုံ (၃၅၀) အိတ် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

ပဲမျိုးစုံ/ဆီ

                          ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၅--၂၀၂၀)ရက်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၄၀/-)၊ မတ်ပဲ(၁၀၀၀/)၊ ပဲလွန်ပြာ(၇၀၀၀/-)၊ ကုလားပဲ(HL)(၅၀၀/-)၊ ကုလားပဲ(929) (၁၅၀၀/-)၊ ကုလားပဲ(V2) (၅၀၀/-) ၊  ပဲပုတ်( ၅၀၀/-)ကျပ်    စျေးကျကာ ပြောင်းဖူးစေ့ (CP) ( ၁၀၀/- )ကျပ် စျေးတက်၍ ကျန်ပဲမျိုးစုံစျေးများအပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။