Local News

မတ်ပဲဈေးဆက်ကျနေ(၂.၁၁.၂၀၂၂)

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်းသည် အောက်တိုဘာလအတွင်းမှာပင် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဝန်းကျင်တွင် အတက်အကျဖြစ်ပေါ်လျှက်ရှိပြီး အောက်တိုဘာလကုန်နှင့် ယခု နိုဝင်ဘာလဆန်းရက်များတွင် ကျပ် ၆၀၀၀၀ အောက်သို့ရောက်ရှိကာ ဈေးအကျဘက်တွင်သာ ရှိနေ ကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တစ်ပတ်ဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ အောက်တို ဘာလ ၂၅ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၅၉၈၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၅၈၈၀၀၊ ၂၇ ရက် နေ့တွင် ကျပ် ၅၈၃၀၀၊ ၂၈ ရက်နေ့တွင် ကျပ် ၅၇၇၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၅၈၃၀၀၊ ၃၀ ရက် နေ့တွင် ကျပ် ၅၈၀၀၀၊ ၃၁ ရက်နေ့တွင် ကျပ် ၅၇၃၀၀၊ ရက်နေ့တွင် ကျပ် ၅၆၅၀၀၊ ရက်နေ့တွင် ကျပ် ၅၈၂၀၀ အသီးသီးဖြစ်ပါသည်။

မတ်ပဲသည် ပြည်တွင်းစားသုံးမှုလွန်စွာနည်းပါးပြီး ပြည်ပတင်ပို့မှုကိုသာ အဓိက အားထားရသည့် သီးနှံဖြစ်ပြီး လက်ရှိတွင် ပြည်ပတင်ပို့မှု အရောင်းအဝယ်အေးနေသည်။ အဓိကဝယ်လက်နိုင်ငံတွင်လည်း ပြည်တွင်းစိုက်မတ်ပဲများ ဈေးကွက်အတွင်း အဆက်မပြတ် ဝင်ရောက်နေခြင်းကြောင့် မြန်မာမတ်ပဲဈေးကျလျှက်ရှိကာ ပြည်တွင်းအရောင်းအဝယ်လည်း အေးနေကြောင်း သိရှိရပါသည်။

Category: Local News