Local News

မန္တလေးဈေးကွက်တွင်ပြောင်းဖူးစေ့လက်ကျန်နည်းအရောင်းအဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးဈေးကွက်တွင်ပြောင်းဖူးစေ့လက်ကျန်နည်း၊ အရောင်းအဝယ်သွက်၍ဈေးမြင့်လာ

မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းမြောက်ဘက်မှ ပြောင်းဖူးစေ့လက်ကျန်များဝင်ရောက်နေပြီး တရုတ်သင်္ဘောဝယ်လက်နှင့် ရန်ကုန်ဝယ်လက်များမှ ဝယ်ယူမှုရှိနေသောကြောင့် ဈေးမြင့်လာကြောင်းသိရသည်။

ပြောင်းဖူးစေ့(ရှမ်း)နှင့်(CP) ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၅၄၅၀၀၊ ယခင်တစ်ပတ် ကျပ် ၅၆၀၀၀၊ ယခင်လကျပ် ၅၁၅၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ်၁၅၀၀နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၃၀၀၀ မြင့်တက်လာသည်။

ပြည်တွင်းတိရစ္ဆာန်အစာထောင့်စက်ရုံများမှလည်း ဝယ်ယူမှုရှိနေကြောင်းသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News