Local News

မြေပဲဆံစျေးပြန်လည်မြင့်တက်လာ

Last Updated:

မြေပဲဆံစျေးပြန်လည်မြင့်တက်လာ

          မကွေးတိုင်းဒေသကြီးအတွင်းတွင်မြေပဲဆံစျေးများမြင့်တက်လာကာအရောင်းအဝယ်သွက်နေတာကိုတွေ့ရပါ တယ်။ယခင်ရက်ပိုင်းမှာတော့ပြည်ပတင်ပို့မှုကန့်သတ်ချက်ကြောင့်စျေးကွက်အတွင်းမြေပဲဆံစျေးအနည်းငယ်ကျဆင်း ခဲ့ရာစားအုန်းဆီလက်ကျန်နည်းလာခြင်းကြောင့်မြေပဲဆီစျေးမြင့်တက်လာတာနဲ့အမျှမြေပဲဆံစျေးလည်းမြင့်တက်လာ တဲ့အပြင်ယခုရက်ပိုင်းမှာပြည်တွင်းရှိဆီစက်လုပ်ငန်းရှင်များမှဝယ်ယူမှုနှင့်တရုတ်ဝယ်လက်တွေရဲ့ဝယ်လိုအားကောင်း နေတာကြောင့်မြေပဲဆံစျေးပြန်လည်မြင့်တက်လာကာဆက်လက်၍လည်းမြင့်တက်လာနိုင်ကြောင်းကုန်သည်ပွဲစားများ မှသုံးသပ်ထားတာကိုတွေ့ရပါတယ်။

          မြေပဲဆံစျေးအနေနဲ့ဇွန်လဆန်းပိုင်းတွင်မြေပဲဆံ(၁)ပိဿာလျှင်ကျပ်(၃ဝဝဝ)ကျော်သာစျေးရှိခဲ့ရာမှဇွန်လကုန် ပိုင်းတွင်မြေပဲဆံ(၁)ပိဿာလျှင်ကျပ်(၄၅ဝဝ)စျေးအထိမြင့်တက်လာကာအရည်အသွေးကောင်းလျှင်ကောင်းသလိုစျေး ကောင်းရနေတယ်လို့သိရပါတယ်။

Category: Local News