Events

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်များ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Updated At: 2025-07-28 16:28:06

IMG_1889

ရုရှားနိုင်ငံသို့ သရက်သီးအနှစ်များတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ် ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုန်သည်လုပ်ငန်းရှင် (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          ညှိနှိုင်းအစည်းအဝေးတွင် အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီးပွားရေး လုပ်ငန်းရှင်များက ရုရှားနိုင်ငံသို့ သရက်သီးအနှစ်နှင့် သရက်သီးအခြောက် တင်ပို့လျက်ရှိမှုနှင့် တွေ့ကြုံရ သည့် အခက်အခဲများနှင့် ရုရှားဝယ်လက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူများမှ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်တိုးမြှင့်တင်ပို့နိုင်မည့် အခြေအနေများကို ပါဝင်အကြံပြုဆွေးနွေးခဲ့ကြပါသည်။

          ရုရှားနိုင်ငံသည် သရက်သီးအနှစ်ကို အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းလျှက်ရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ် သရက်သီးအနှစ်တန်တစ်သောင်းတင်သွင်းလိုကြောင်းနှင့် မြန်မာနိုင်ငံမှ သရက်သီးအနှစ်နှင့် သရက်သီးအခြောက်တင်ပို့လိုသည့် လုပ်ငန်းရှင်များ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့