Events

“(၁၅) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာ ပရိဘောဂနှင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများပြပွဲ (VIFA EXPO 2024)”

Updated At: 2024-01-30 16:00:39

         ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့တွင် “(၁၅) ကြိမ်မြောက်ဗီယက်နမ်နိုင်ငံတကာပရိဘောဂနှင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများပြပွဲ (VIFA EXPO 2024)” ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ( ၄ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

           ပြပွဲကို ဗီယက်နမ်နိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း (ဟိုချီမင်းရုံးခွဲ) မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများအား နှုတ်ခွန်းဆက်သလိုပါကြောင်း၊ မြန်မာနိုင်ငံမှဝယ်ယူသူများနှင့် ဗီယက်နမ်နိုင်ငံမှ တင်ပို့သူစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။

           ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ၂၇-၂-၂၀၂၄ ရက်နေ့နှင့် ၂၈-၁-၂၀၂၄ ရက်နေ့များတွင် Ben Tre ပြည်နယ်ရှိ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးပြီး အုန်းသီးစက်မှုလက်မှုကဏ္ဍများသို့ လေ့လာရေးခရီးပို့ဆောင်ပေးမည်ဖြစ်ပါသည်။ Len Minh ကုမ္ပဏီမှ ကိုယ်စားလှယ်များအတွက် ဗီယက်နမ်နိုင်ငံအတွင်း တည်းခိုစရိတ်နှင့်သွားလာစရိတ် (၂ ညတာ) အတွက် တာဝန်ယူကျခံပေးမည်ဖြစ်ကြောင်းလည်း ဖိတ်ကြားစာတွင် ဖော်ပြပါရှိပါသည်။

၃။        သို့ဖြစ်ပါ၍ ပြပွဲသို့ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ