Events
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC) အတွက် ချေးငွေနှင့်ထောက်ပံ့ငွေများရယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Updated At: 2020-12-15 21:34:36
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (Climate Friendly Agribusiness Value Chains Sector Project – CFAVC) အတွက် ချေးငွေနှင့်ထောက်ပံ့ငွေများရယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက် စီမံကိန်း (Climate Friendly Agribusiness Value Chains Sector Project – CFAVC) အတွက် ချေးငွေနှင့်ထောက်ပံ့ငွေများရယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ် (၅၂) ရှိတိုးချဲ့အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးမှ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးများရှိ ပဲမျိုးစုံ စိုက်ပျိုးသည့် တောင်သူများအား Test Kit များဖြန့်ဖြူးပေးရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ် နိုင်ရန် တိုင်းဒေသကြီးတစ်ခုလျှင် အဖွဲ့တစ်ဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ (၃) ဖွဲ့ဖွဲ့စည်းရန်၊ မေလအတွင်းတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနများမှ တိုင်းဦးစီးမှူးသို့မဟုတ် တိုင်းဒု-ဦးစီးမှူးများပါဝင်၍ ကွင်းဆင်းစစ်ဆေးမည့် နေရာနှင့် အချိန်ကာလသတ်မှတ်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ် ဆုံးဖြတ်ရန်၊ Test Kit များ ဖြန့်ဖြူးပေးရေးအတွက် Project Proposal ရေးဆွဲသွားရန်တို့ကိုဆွေးနွေးခဲ့ကြပါသည်။
NES Unit
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025