Events
သစ်သီးဝလံ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
Updated At: 2020-12-15 21:52:52
သစ်သီးဝလံ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ် ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
သစ်သီးဝလံ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲ (Upgrading Horticulture Supply Capacity and Responsible Tourism to Develop Business Linkages) ကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် တောင်ကြီးမြို့ရှိ ဟိုတယ်ထိန်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည် နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးစိုးညွန့်လွင်၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် UNOPS မှ Country Director, Mr. Andrew Kirkwood တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆွစ်ဇာလန်နိုင်ငံအစိုးရနှင့် နည်းပညာအကူ အညီပေးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNCTAD, UNIDO, ITC, ILO နှင့် UNOPS တို့မှကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် NGOs များမှ ကိုယ်စား လှယ်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
စီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း များဖြစ်သည့် UNCTAD, UNIDO, ITC, ILO, UNOPS တို့၏ နည်းပညာအကူအညီနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အင်းလေးကန်ဒေသအနီးတစ်ဝိုက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းကာလသည် ၄ နှစ်ဖြစ်ပြီး စီမံကိန်းမှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အင်းလေးကန်ဒေသတွင် သစ်သီးဝလံ ပန်းမန်လ် စိုက်ပျိုးထုတ်လုပ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ခရီးသွားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်သည်။ စီမံကိန်း ဆောင်ရွက်ချက်များသည် အကျိုးခံစားခွင့်ရှိသည့် ဒေသခံရပ်ရွာလူထု၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်၍ ဝင်ငွေရရှိအောင်ဖန်တီးပေးခြင်းနှင့် အလုပ်အကိုင်ဖန်တီးပေးခြင်းဖြင့် ဆင်းရဲမှုကို လျော့ချ ပေးနိုင်ရန်ဖြစ်သည်။
ယခုကာလသည် စီမံကိန်း၏ Inception Phase ကာလဖြစ်ပြီး ဒီစီမံကိန်းအကောင်အထည် ဖော်မှုပထမအဆင့်တွင် UNIDO, UNCTAD, ILO နှင့် ITC မှ Field Assessment မစ်ရှင်အဖွဲ့ ၂ ကြိမ်လာရောက်ပြီး သတင်းအချက် အလက်ကောက်ယူခြင်း၊ ဦးစားပေး ကုန်စည်များနှင့် ခရီးသွားလုပ် ငန်းကဏ္ဍအတွက် Rapid Market Assessment နှင့် Market System Analysis တို့ကို ပြုစုခဲ့ပြီးဖြစ်သည်။ ထို့အတူ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် များက အစားအသောက်ဘေးကင်းခြင်း ဆိုင်ရာကိစ္စရပ်များကို လေ့လာစစ်တမ်းပြုစုခဲ့ပြီးဖြစ်သည်။
အဆိုပါ လေ့လာတွေ့ရှိချက်များအရ ကနဦးအစီရင်ခံစာ (Inception Report) နှင့် နှစ်အလိုက် လုပ်ငန်းစီမံချက်တွေကိုလည်း ရေးဆွဲပြီးဖြစ်၍ အလုပ်ရုံဆွေးနွေးပွဲတွင် ကနဦးအစီရင်ခံစာမူကြမ်းအပေါ် ရှင်းလင်းဆွေးနွေးခြင်း၊ စီမံကိန်းမှ ဦးစားပေး ကူညီထောက်ပံ့ပေးမည့် နယ်ပယ်များအား ရှင်းလင်းတင်ပြ ခြင်းနှင့် နှစ်အလိုက် လုပ်ငန်းစီမံချက်နှင့် ဘတ်ဂျက် လျာထားမှုများကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း များမှ ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အကြံပြု ပြန်လည်ဆွေးနွေး၍ ညှိနှိုင်းသဘောတူညီမှု ရယူခဲ့ပါသည်။ ဆွေးနွေးသဘောတူညီမှု ရရှိပြီးသည့် အပြီးသတ်အစီရင်ခံစာ၊ နှစ်အလိုက် လုပ်ငန်းအစီအစဉ်နှင့် ဘတ်ဂျက်လျာထားချက်များကို ဇွန်လ အတွင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ UN Cluster on Trade and Productive Capacity Project ၏ Global Management Board သို့ တင်ပြအတည်ပြုချက် ရယူသွား မည်ဖြစ်ပါသည်။
NES Unit
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025