Events
“Awareness Workshop on How to Make a Complaint at the Regional Level Through ASEAN Website” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
Updated At: 2020-12-15 21:52:02

“Awareness Workshop on How to Make a Complaint at the Regional Level Through ASEAN Website” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အထောက်အကူပြုကဏ္ဍတစ်ရပ်ဖြစ်သည့် ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၏ လုပ်ငန်းစဉ်တစ်ခုအနေနှင့် ပို့ကုန်လုပ်ငန်းရှင်များအား မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ဒေသတွင်း အဆင့်တွင် ASEAN Website မှ တဆင့် ဝင်ရောက်တင်ပြနိုင်ရေးအတွက် အသိပညာပေးရန် ရည်ရွယ်သည့် “Awareness Workshop on How to Make a Complaint at the Regional Level Through ASEAN Website” အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနနှင့် UMFCCI မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ၊ မီဒီယာများ၊ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ တင်ပို့ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ သို့မဟုတ် အခြားသော အာဆီယံနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို အာဆီယံဒေသတွင်း အဆင့်တွင် ASEAN Solutions for Investments, Services and Trade (ASSIST) Website မှတဆင့်ဝင်ရောက်တင်ပြနိုင်ကြောင်းကို အသိပေးရန်အတွက် ကျင်းပခဲ့ခြင်းဖြစ်ပါ သည်။
ဆွေးနွေးပွဲတွင် ASSIST Website ကို ဝင်ရောက်အသုံးပြုခြင်း၊ ပြဿနာတစ်ရပ်ကိုတင်ပြခြင်းနှင့် မိမိတင်ပြထားသည့် ပြဿနာတစ်ရပ်အပေါ် Trace လိုက်ခြင်းများကို ASSIST Website ၏ Home Contact Point (HCP) ဖြစ်သည့် ကုန်သွယ်ရေး ဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ UMFCCI မှ တာဝန် ရှိသူတစ်ဦးမှလည်း ညီနောင်အသင်းများမှ တင်ပြလိုသည့်ကိစ္စရပ်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် တင်ပြလိုသည့် ကိစ္စရပ်များအားပြည့်စုံစွာ ရေးသားတင်ပြပေးကြရန် ဖြစ်ကြောင်းတို့ကိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့်လုပ်ငန်းရှင်များကစိတ်ပါဝင်စားစွာပြန်လည်ဆွေးနွေးခဲ့ကြသည်။
NES Unit
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025