Events
Brands & Lifestyle India 2020
Updated At: 2020-01-29 08:59:09
“Brands & Lifestyle India 2020” ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ Federation of Indian Export Organizations (FIEO) မှ ကြီးမှူး၍ နယူးဒေလီမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းပြပွဲသို့ မြန်မာနိုင်ငံရှိ အစားအစာ၊ ဆေးဝါး၊ အလှကုန်၊ လက်ဝတ်ရတနာ၊ အားကစားပစ္စည်း၊ ကလေးကစားစရာပစ္စည်း၊ စာရေးကိရိယာ၊ ဖက်ရှင်နှင့် အဝတ်အထည်၊ အော်ဂဲနစ် ထုတ်ကုန်အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီလုပ်ငန်းများမှ အဝယ် တော်ကိုယ်စားလှယ် ၈ ဦးမှ ၁၀ ဦးအထိ ပါဝင်ပြသပေးရန် ဖိတ်ကြားလာပြီး၊ စိတ်ပါဝင်စားမှုရှိပါက ပြပွဲကော်မတီမှ ဖိတ်စာနှင့် ပူးတွဲပါရှိသော Overseas Hosted Delegates Application Form တွင် ပြည့်စုံစွာဖြည့်စွက်၍ နိုင်ငံကူးလက်မှတ်မိတ္တူပူးတွဲ၍ [email protected] သို့ပေးပို့၍ဖြစ်စေ၊ https:// www.brands-lifestyle.com/buyers.php အင်တာနက်စာမျက်နှာတို့တွင်ဖြစ်စေ (၁၀-၂-၂၀၂၀) နောက်ဆုံးထား၍ မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဟု သိရှိရပါသည်။ ပြပွဲကော်မတီမှ ရွေးချယ်ခံရ သည့် အဝယ်တော်ကိုယ်စားလှယ်အတွက် ချွေတာရေးတန်းဖြင့် အသွား/အပြန် လေယာဉ်စရိတ်၊ လေဆိပ်သို့ ကြိုပို့မှုနှင့် ၂ ညတာ တည်းခိုနေထိုင်စရိတ်၊ နေ့လယ်စာနှင့် မိတ်ဆက်ညစာစားပွဲတို့ကို ဆွေးနွေးပွဲကျင်းပသူမှ ကျခံပေးမည်ဖြစ်ပြီး အိန္ဒိယလုပ်ငန်းရှင်များနှင့် တစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှု များကိုလည်း ကြိုတင်စီစဉ်ပေးမည်ဟု သိရှိရပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာ သံရုံးမှ စီးပွားရေးသံမှူး၊ ဦးနေအေးလွင်၊ email:[email protected] တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ