Events
ACEMES – ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်စီမံကိန်းများ အတွက် နှစ်ဝက်တိုးတက်မှုအစီရင်ခံစာ အစည်းအဝေး (Mid-Term Progress Report Meeting) ကျင်းပခြင်း
Updated At: 2023-11-14 18:43:40
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ မဲခေါင်သိပ္ပံ(Mekong Institute) မှကြီးမှူး၍ Virtual စနစ်ဖြင့် ကျင်းပသည့် အက်ခ်ကမက်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သော စီမံကိန်းများ၏ နှစ်ဝက်တိုးတက်မှု အစီရင်ခံစာအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများနှင့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့အစည်း (Project Implementing Agency-PIA) အဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် PIA အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မဲခေါင်သိပ္ပံ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဌာန (Trade and Investment Facilitation Department- TIF) မှ ညွှန်ကြားရေးမှူး Mr. Madhurjya K.Dutta က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ACEMES အဖွဲ့ဝင်နိုင်ငံများက မိမိတို့နိုင်ငံအလိုက် အကောင်အထည်ဖော်နေသည့် စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ များ၊ စီမံကိန်းတိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်း၏ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစဉ်များအလိုက် အစီရင်ခံစာပေးပို့မှုအခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုအခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စီမံကိန်းရန်ပုံငွေ ဒုတိယအရစ် (၄၀ ရာခိုင်နှုန်း) ကို စီမံကိန်းအကောင်အထည် ဖော်ရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026