Events
Coconut project အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2024-05-15 14:13:41
အက်ခ်မက်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းအစီအစဉ်အရ စီမံကိန်းမှ ဆောင်ရွက် ရန် ကျန်ရှိသည့် လုပ်ငန်းအစီအစဉ်များအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်းလင်းနှင့် တာဝန်ရှိ သူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ခံနှင့် စီမံကိန်းမှ ကျွမ်းကျင်ပညာရှင်(၂)ဦးတို့ နှင့်အတူ စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းမှ ဆောင်ရွက်ရန်ကျန်ရှိသည့် အက်ခ်မက်နိုင်ငံများ၏ အုန်းတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဗီယက်နမ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးပွဲကျင်းပခြင်း နှင့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ThaiFEX-Anuga Asia 2024 ကုန်စည်ပြပွဲနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းတို့ကို ဆောင်ရွက်ရန်ရှိကြောင်း၊ ယင်းအစီအစဉ်များအတွက် ကျွမ်းကျင်ပညာရှင်(၂) ဦးက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များ ချိတ်ဆက်ရန်တို့ကို ဒုတိယညွှန်ကြား ရေးမှူးချုပ်မှ လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၀:၄၅ တွင် ရုပ်သိမ်းခဲ့ပါသည်။


More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026