Events

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပ

Updated At: 2024-10-11 18:50:25

1

အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် () နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနဲ့ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပို့ကုန်အမယ်တစ်ခုခြင်းအလိုက် တင်ပို့ရန် သတ်မှတ်လျာထားချက်များရှိပါကြောင်း၊ ပြောင်းတင်ပို့မှုတွင် ပထမ ၆ လပတ်အတွင်း တင်ပို့မှုက သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်တာကို တွေ့ရှိရပါကြောင်း၊ အခြားပို့ကုန်အမယ်တစ်ခုခြင်းအလိုက် သတ်မှတ်လျာထားချက်များကို ပြည့်မီအောင်တင်ပို့နိုင်ရန်လိုအပ်နေသေးပါကြောင်း၊ ကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို ဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ချိတ်ဆက်ပြီး အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကိုရွေးထုတ်ပြီး ဆောင်ရွက်စေလိုကြောင်းစသည်ဖြင့် ဆွေးနွေးမှာကြား ပါသည်။

ဆက်လက်၍ ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကဏ္ဍများမှ Reporting Template ဖြင့် ပေးပို့တင်ပြထားသည့် လုပ်ငန်းအကောင်အထည်ဖော်မှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။

ဆွေးနွေးတင်ပြမှုများအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။