Events
ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲ (Green Global Trade Fair 2024) ကျင်းပပြုလုပ်မည်
Updated At: 2024-08-05 13:18:44
သီရိလင်္ကာနိုင်ငံ၊ Chamber of Tourism and Industry Sri Lanka နှင့် Ras AI Khaimah Chamber of Commerce and Industry တို့ ပူးပေါင်း၍ အာရပ်စော်ဘွားများပြည်ထောင်စု Ras AI Khaimah မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကမ္ဘာ့အစိမ်းရောင် ကုန်စည်ပြပွဲ (Green Global Trade Fair 2024) ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာ (FinTech)၊ Blockchain နည်းပညာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများကို ပြသသွားမည်ဖြစ်ပြီး လုပ်ငန်းပေါင်း ၂၃၀ ကျော် ပါဝင်ပြသမည်ဖြစ်ရာ ပြပွဲသို့တစ်ရက်လျှင် လူဦးရေ ၁၀,၀၀၀ ကျော် လာရောက်ကြည့်ရှုရန် မျှော်မှန်းထားပါကြောင်းနှင့်ကုန်စည်ပြပွဲသို့ တက်ရောက်ခြင်းဖြင့် နိုင်ငံတကာအတွေ့အကြုံ၊ နိုင်ငံ တကာအဆက်အသွယ်များရရှိပြီး တက်ရောက်လာသည့်ခေါင်းဆောင်များနှင့် တီထွင်သူများ တွေ့ဆုံဆွေးနွေး၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အပြင် ဈေးကွက်အမြင်နှင့် စီးပွားရေး ချဲ့ထွင်နိုင်မည့်အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲ (Green Global Trade Fair 2024) နှင့်ပတ်သက်၍ အချက်အလက်များ သိရှိလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026