Events

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် 23rd Lao Handicraft Festival 2024 ပြပွဲ ကျင်းပပြုလုပ်မည်

Updated At: 2024-07-31 10:33:58

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Lao International Trade and Exhibition Convention Center (Lao-ITECC) တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ  ၃ ရက်နေ့အထိ 23rd Lao Handicraft Festival 2024 ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြပွဲကို နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးနှင့်ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြသမည့်ပစ္စည်းအမျိုးအစားများအနေဖြင့် အထည်အလိပ်ထုတ်ကုန်များ၊ ဝါးထုတ်ကုန်များ၊ သတ္တုဖြင့် ပြုလုပ်ထားသော အနုပညာပစ္စည်းများ၊ ယဉ်ကျေးမှုထုတ်ကုန်များ ဖန်တီးမှုအနုပညာပစ္စည်းများ၊ ရိုးရာအစားအစာများ၊ ပိုးစာမွေးမြူခြင်းနှင့် ပိုးချည်ထည်ထုတ်လုပ်မှုများနှင့် အခြားသောပစ္စည်းများ ပါဝင်ပြသနိုင်မည် ဖြစ်သည်။

23rd Lao Handicraft Festival 2024 ပြပွဲတွင် မြန်မာကျောက်မျက်ရတနာလုပ်ငန်းရှင်များအတွက် ပြခန်းငှားရမ်းခအနေဖြင့် တစ်ခန်းလျှင် (၃ မီတာx ၃ မီတာ) အကျယ်အဝန်းရှိ ပြခန်း (၁) ခန်းလျှင် အမေရိကန်ဒေါ်လာ ၅၀၀ နှုန်း၊ (၃ မီတာx ၆ မီတာ) အကျယ်အဝန်းရှိ ပြခန်း (၁) ခန်းလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀နှုန်း၊ (၆ မီတာx ၆ မီတာ) အကျယ်အဝန်းရှိ ပြခန်း (၁) ခန်းလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ နှုန်းတို့ဖြင့် ငှားရမ်းပေးမည်ဖြစ်သည်။

“23rd Lao Handicraft Festival 2024” ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။

Event Details

Date
October 26th to 3rd November
Location
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Lao International Trade and Exhibition Convention Center (Lao-ITECC)
Website

More Events